Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သျှမ်းပြည်၊ မိုင်းပန်တွင် RCSS ဦးဆောင်ကျင်းပမည့် ၇၆ ကြိမ်မြောက် သျှမ်းအမျိုးသားနေ့ကို စစ်ကောင်စီ ဖျက်သိမ်း

ABN-မေအိအိအောင်

သျှမ်းပြည်၊ လင်းခေးခရိုင် မိုင်းပန်မြို့တွင် RCSS ဦးဆောင်ကျင်းပမည့် ၇၆ ကြိမ်မြောက် သျှမ်းအမျိုးသားနေ့ကို ပွဲကျင်းစီစဥ်နေစဥ် မကျင်းပရန် စစ်ကောင်စီက လာရောက်ဖျက်သိမ်းခိုင်းကြောင်း ဒေသတွင်း သတင်းများဖော်ပြချက်အရသိရသည်။

လာမည့် ဖေဖော်၀ါရီလတွင် ကျရောက်မည့် ၇၆ နှစ်မြောက် သျှမ်းအမျိုးသားနေ့ကို သျှမ်းပြည်၊ မိုးပန်မြို့နယ်၊ နား၀မ်းရွာတွင် ပြုလုပ်ရန် စီစဥ်နေစဥ် ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၉ ရက်နေ့က စစ်ကောင်စီတပ်သားများ လာရောက် ဖျက်သိမ်းခိုင်းသဖြင့် သျှမ်းအမျိုးသားနေ့ အခမ်းအနားပြုလုပ်ရန် အစီအစဥ်ကို ဖျက်သိမ်းလိုက်ရကြောင်းသိရသည်။

သျှမ်းအမျိုးသားနေ့ကို သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA အဖွဲ့က ဦးဆောင်ပြီး ကျင်းပရန်စီစဥ်နေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ယခုနှစ်ပြုလုပ်မည့် ၇၆ ကြိမ်မြောက် သျှမ်းအမျိုးသားနေ့ အခမ်းအနားကို မိုင်းပန်မြို့ရှိ သျှမ်းစာပေ/ ယဥ်ကျေးမှု အသင်းနှင့် ဒေသခံပြည်သူများ စုပေါင်းပြီးပြုလုပ်မည်ဖြစ်သဖြင့် RCSS အနေဖြင့် ပါ၀င်ဦးဆောင်မည်မဟုတ်ကြောင်း RCSS မှ ပြောခွင့်ရ ဗိုလ်မှူးကြီး အုမ်ခေးက ပြောကြောင်း ဒေသတွင်း သတင်းတွင် ဖော်ပြထားသည်။

သျှမ်းအမျိုးသားနေ့ကို ပြီးခဲ့သည့် ကိုဗစ်ရောဂါ ကူးစက်ချိန်မှစပြီး မပြုလုပ်နိုင်သည်မှာ ၃ နှစ်ရှိပြီးဖြစ်သဖြင့် လာမည့် ၂၀၂၃ခုနှစ် ဖေဖော်၀ါရီ ၇ ရက်တွင် ပြန်လည်ကျင်းပနိုင်ရန်အတွက် ပြီးခဲ့သည့် ၂၀၂၂၊ အောက်တိုဘာ လပိုင်းမှ စပြီးပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း သျှမ်းသံတော်ဆင့်သတင်းဌာနတွင်ဖော်ပြချက်အရ သိရသည်။

သျှမ်းပြည်၊ မိုင်းပန်တွင် RCSS ဦးဆောင်ကျင်းပမည့် ၇၆ ကြိမ်မြောက် သျှမ်းအမျိုးသားနေ့ကို စစ်ကောင်စီ ဖျက်သိမ်း

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ