Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သျှမ်းပြည်၊ ပလောင်မြို့နယ်တွင် စစ်ကောင်စီတပ်ကပစ်လိုက်သည့် လက်နက်ကြီးကျည်စထိမှန်ပြီး အမျိုးသားတစ်ဦးသေဆုံးပြီး နေအိမ်များလည်းပျက်စီး

သျှမ်းပြည်၊ ပလောင်မြို့နယ်တွင် စစ်ကောင်စီတပ်ကပစ်လိုက်သည့် လက်နက်ကြီးကျည်စထိမှန်ပြီး အမျိုးသားတစ်ဦးသေဆုံးပြီး နေအိမ်များလည်းပျက်စီး

ABN-မေအိအိအောင်

သျှမ်းပြည်၊ ပလောင်မြို့နယ်တွင် စစ်ကောင်စီမှပစ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး ဒေသခံအမျိုးသားတစ်ဦးသေဆုံးကာ လက်နက်ကြီးကျည်ကြောင့် လူနေအိမ်များလည်း ပျက်စီးသွားကြောင်းသိရသည်။

သျှမ်းပြည်၊တောင်ကြီးခရိုင် နမ့်နိမ့်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် PDF တပ်တို့အကြား ယမန်နေ့ မတ်လ ၁၀ ရက် နံနက်အစောပိုင်း ၅ နာရီခန့်က စတင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်းသိရသည်။

စစ်ကောင်စီမှပစ်သည့် လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် ယနေ့ မတ်လ ၁၁ ရက်နေ့တွင် နမ့်နိမ့်ကျေးရွာမှ အသက် ၆၀ အရွယ် ဦးအေး ဆိုသူမှာ ကျည်စထိမှန်ပြီး သေဆုံးခဲ့ကြောင်းသိရသည်။

သေဆုံးသူ အမျိုးသားမှာ တိုက်ပွဲဖြစ်စဉ်အတွင်း ရွာရှိဘုန်းတော်ကြီးကျောင်း၌ ကျန်ရှိနေခဲ့သူဖြစ်ကြောင်း သိရသည်။

တိုက်ပွဲမှာ ယနေ့ မတ်လ ၁၁ ရက်နေ့အထိ ဆက်လက်ပြင်းထန်နေသည့်အတွက် ရွာအတွင်းမှ ဦးအေး ၏ အလောင်းကို ထုတ်ယူ ၍မရသေးကြောင်းနှင့် စစ်ကောင်စီမှပစ်သည့် လက်နက်ကြီးကြောင့် နမ့်နိမ့်ရွာထဲမှ လူနေအိမ် ၅ ဆောင်ထက်မနည်း ပျက်စီးသွားကြောင်းသိရသည်။

ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့ကလည်း မွန်ပြည်နယ် ကျိုင်းထုံမြိုနယ် ကျုံပိန်ကျေးရွာတွင် စစ်ကောင်စီကပစ်သည့် လက်နက်ကျည်ထိမှန်ပြီး အသက် ၁၀ နှစ်အရွယ် ယောက်ကျားလေးတစ်ဦးနှင့် ၁၂ အရွယ် မိန်းကလေးတစ်ဦးသေဆုံးပြီး ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ