ABN-မေအိအိအောင်
သျှမ်းပြည်နယ်၊ မူဆယ်ခရိုင် မူဆယ်မြို့နယ် ပန်းခမ်းကျေးရွာအတွင်း နှစ်ထပ်ဆောင် နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများကြောင်းသိရသည်။
ယနေ့ ဇန်နန၀ါရီလ ၁၄ ရက် ည ၁ နာရီ နီးပါးခန့်က ပန်းခမ်းကျေးရွာအတွင်းရှိ နှစ်ထပ်အိမ်တွင် အိမ်သားများ အိပ်နေစဥ် အိမ်အောက်ထပ်မှစ၍ မီးလောင်မှု ဖြစ်ပြီး တစ်အိမ်လုံးနီးပါးခန့် မီးလောင်ကျွမ်းသွားကြောင်းသိရသည်။
မီးလောင်နေသော အိမ်ကို ဒေသခံများနှင့် မီးသတ်တပ်ဖွဲ့၀င်များ ပူးပေါင်းငြိမ်းသတ်ရာ ညအရုဏ် ၃ နာရီခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း နှင့်ပျက်စီးဆုံးရှုံးမှုကိုမှု မသိရသေးကြောင်းသိရသည်။
မီးလောင်သွားသည့် အိမ်ပိုင်ရှင်များမှာ ခရီးထွက်နေကြပြီး အိမ်တွင် သမီး၊ သမက်နှင့် သူတို့၏ ၁ နှစ်အရွယ် ကလေးတစ်ဦး ရှိနေခဲ့ကြောင်းသိရသည်။
မီးလောင်မှုကြောင့် လူထိခိုက်မှုများနှင့် မီးကူးစက်မှုများမရှိခဲ့ပေ။
အိမ်မီးလောင်သည့် အကြောင်းကို မသိရသေးကြောင်း နီးစပ်သူများ ပြောကြားချက်အရသိရသည်။

