သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သံတွဲနှင့် ဂွမြို့နယ်တွင် ညအချိန် ငါးဖမ်းခြင်းကို ကန့်သတ်

AB News – အောက်တိုဘာ ၂၀ ၊ ၂၀၂၅
ဆိုဖီ

အာရက္ခပင်လယ်ပြင်၌ ညအချိန် ငါးဖမ်းခြင်းကို ယမန့်နေ့ အောက်တိုဘာ ၁၉ ရက်နေ့မှစ၍ ယာယီပိတ်ပင်ကန့်သတ်ထားကြောင်း အာရက္ခတပ်တော် AA က ယမန်နေ့ အောက်တိုဘာလ ၁၉ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

အာရက္ခတပ်တော်AA သိမ်းပိုက်ထိန်းချုပ်ထားသည့် သံတွဲနှင့် ဂွမြို့အနီး ပင်လယ်ပြင်တွင် ရေလုပ်သားများအား ယခင်က အချိန်အကန့်သတ်မရှိ ငါးဖမ်းရန် အာရက္ခတပ်တော် AA မှ ခွင့်ပြုထားခဲ့သော်လည်း လက်ရှိမှာ စစ်ရေးအခြေနေကြောင့် ငါးဖမ်းချိန်ကို ယာယီ ကန့်သတ်လိုက်ကြောင်း AA ၏ ထုတ်ပြန်ချက်အရ သိရသည်။

အကြမ်းဖက် စစ်ကော်မရှင်တပ်သည် ပင်လယ်ကမ်းခြေ နှင့် နီးသည့် ဒေသများနှင့် ပင်လယ်အတွင်း ငါးဖမ်းနေကြသည့် ငါးဖမ်းသမားများကို ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများကို ပိုမိုပြုလုပ်လာသောကြောင့် ဤကဲ့သို့ထုတ်ပြန်ရခြင်းဖြစ်ကြောင်း AA ကဆိုသည်။

ထို့ပြင် ပင်လယ်ပြင်၌ ငါးဖမ်းသွားသည့် ငါးဖမ်းသမားများအနေဖြင့် ကမ်းဝေးသို့ သွားရောက်မဖမ်းကြရန် နှင့် စစ်ရေယာဥ်လာနေသည်ကိုမြင်ပါက နီးစပ်ရာ ကမ်းသို့ အမြန်ဆုံးဆိုက်ကပ်လာကြရန်လည်း သတိပေး ထုတ်ပြန်ထားသည်။

ထိုအခြေနေများကြောင့် သံတွဲနှင့် ဂွမြို့အနီး ပင်လယ်ပြင်မှာ ည ၆ နာရီ မှ နံနက် ၆ နာရီ အထိ ညအချိန် ငါးဖမ်းခြင်းကို အာရက္ခတပ်တော် AA က “လုံးဝ” တားမြစ်ထားခြင်း ဖြစ်သည်။

သံတွဲ #warzone #စကမ #ဂွ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ