
AB News-မတ် ၁၀၊ ၂၀၂၅
ရက္ခိုင်ပြည် တောင်ကုတ်မြို့တွင် သိန်းပေါင်း ၁၃ သောင်းကျော်ရှိသည့် ပိုင်ဆိုင်မှုကို အာရက္ခတပ်တော်က ချိပ်ပိတ်လိုက်ကြောင်း ပိုင်ရှင် ဦးကျောက်တောင်က ပြောသည်။
ဦးကျောက်တောင်သည် ရက္ခိုင်သူဌေးကြီးတစ်ဦးဖြစ်ပြီး တောင်ကုတ်မြို့တွင်ရှိသည့် နေအိမ်နှင့် လုပ်ငန်းပိုင်ဆိုင်မှုများကို ULA/AA က ချိပ်ပိတ်လိုက်ခြင်းဖြစ်သည်။
၎င်းသည် တောင်ကုတ်ဒေသဖွံ့ဖြိုးရေးကော်မတီဥက္ကဌဖြစ်သဖြင့် စစ်ကောင်စီနှင့် ဆက်သွယ်မှုပြုလုပ်ရပြီး စီးပွားရေးအရ စစ်ကောင်စီနှင့် ပတ်သတ်ဆက်နွယ်မှု၊ အခွင့်အရေးယူမှုများ နှင့် အဂတိလိုက်စားမှုများ မရှိကြောင်း BBC တွင် ပြောဆိုထားသည်။
ဦးကျောက်တောင်သည် ကျောက်ဖြူအထူးစီးပွားရေးဇုန်မှ မြို့ပြအိမ်ယာစီမံကိန်း နှင့် စစ်ကောင်စီနှင့် ဆက်စပ်သည့် လုပ်ငန်းစုများစွာကို ပိုင်ဆိုင်ထားကြောင်း လည်း သိရသည်။
ထို့အပြင် အာရက္ခတပ်တော်သည် မောင်တော နှင့် တောင်ကုတ်မြို့နယ်မှ စစ်ကောင်စီနှင့် ဆက်စပ်သည့် နေအိမ်၊ အဆောက်အဦး ၁၀၀ ခန့်ကို ချိပ်ပိတ်ထားကြောင်း သိရသည်။