AB News – ဧပြီ ၁၈၊ ၂၀၂၅
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာကို ယနေ့ နံနက်ပိုင်းအချိန်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သောကြောင့် ကလေးငယ်များအပါအဝင် အရပ်သားပြည်သူ ၁၃ ဦး သေဆုံးခဲ့သည်ဟု ဒေသခံများက ဆိုကြသည်။
ယနေ့ ဧပြီလ ၁၈ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် အကြမ်းဖက်စစ်ကောင်စီက သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။
“လိပ်ကျရွာကို ဒီနေ့ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ပြည်သူ ၁၃ ဦး သေဆုံးခဲ့ပြီ ဒဏ်ရာ ရရှိသူတွေလည်း ရှိတယ်လို့ ကြားရပါတယ်” ဟု ဆိုသည်။
ဗုံးကြဲတိုက်ခိုက်မှုအတွင်း ပြည်သူ ၁၃ ဦး သေဆုံးခဲ့ရသည့်အပြင် ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိပြီး လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။