ABN-ထက်မြတ်ခင်
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ယနေနံနက် ၇နာရီအချိန်ခန့်က စကစတပ်က လက်နက် ကြီး ပစ်ခတ်သဖြင့် ကျေးရွာတစ်ခုအတွင်း ကျရောက်ပြီး ကလေးငယ် ၂ ဦးသေဆုံးကာ အမျိုးသား ၁ ဦး ဒဏ်ရာရရှိကြောင်း သိရသည်။
မွန်ပြည်နယ်၊ သထုံမြို့နယ် ကျုံမိန်ကျေးရွာတွင် စကစတပ်က ပစ်လိုက်သောလက်နက်ကျည်ကျပြီး ကျေးရွာရှိ အသက် ၁၀နှစ်အရွယ် ကလေးငယ်(ကျား)၁ဦး၊ အသက် ၁၂နှစ်အရွယ် မိန်းကလေးငယ် ၁ဦးတို့ ပွဲချင်းပြီးသေဆုံးပြီး၊ အသက် ၄၀ နှစ်အရွယ် အမျိုးသား ၁ဦးပြင်းထန်ဒဏ်ရာရှိကြောင်းသိရသည်။
၎င်းကျေးရွာတွင် စစ်ပွဲတစုံတရာဖြစ်ပွားခြင်းမဘဲ စစ်ကောင်စီတပ် သထုံကြာပန်း ခလရ၂၄တပ်ကရမ်းသမ်းပစ်ခတ်ခြင်းကြောင်း သိရသည်။

