Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
” ဝ”ဒေသတွင်းသို့ ကျူးကျော်​လာသော မည်သည့်လက်နက်ကိုင်အဖွဲ့မဆို တိုက်ထုတ်သွားမည်ဟု UWSA ထုတ်ပြန်

" ဝ"ဒေသတွင်းသို့ ကျူးကျော်​လာသော မည်သည့်လက်နက်ကိုင်အဖွဲ့မဆို တိုက်ထုတ်သွားမည်ဟု UWSA ထုတ်ပြန်

AB News – နိုဝင်ဘာ ၁ ရက်

ရှမ်းမြောက်ဒေသ၌ ဖြစ်ပွားနေသည့် လက်နက်ကိုင်တပ်ဖွဲ့များသည် “ဝ” ပြည်တွင်းသို့ စစ်ရေးအရနယ်မြေကျူးကျော်လာပါက ပြန်လည် တိုက်ထုတ်သွားမည်ဖြစ်ကြောင်း UWSA ကထုတ်ပြန်သည်။

“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်သည် ဝပြည်နယ်မြေလုံခြုံရေး၊ စစ်သားများနှင့် အရပ်သားအားလုံး၏ အသက်နှင့် ပိုင်ဆိုင်မှုလုံခြုံရေးတို့ကို ခြွင်းချက်မရှိ အကာအကွယ်ပေးမည်ဖြစ်ပြီး ဝပြည်နယ် လေပိုင်နက်နှင့် နယ်မြေအတွင်းသို့ တရားမ၀င် ဝင်ရောက်လာသည့် မည်သည့်လက်နက်ကိုင်မဆို စစ်ရေးအရ လက်တုန့်ပြန်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

“ဝ”ပြည်သည် ဘက်မလိုက်ရေးမူကို ကျင့်သုံးနေသည့်အတွက် မည်သည့်အဖွဲ့အစည်းဖက်မှလည်း ပါဝင်သွားမည်မဟုတ်ကြောင်း ပြောဆိုထားသည်။

လက်ရှိဖြစ်ပွားနေသည့် ရှမ်းမြောက်ဒေသစစ်ပွဲအတွင်း ၂ဖက်တိုက်ပွဲ ရပ်စဲလိုကြောင်း နှင့် ပြဿနာကိုအမြန်ဆုံးဖြေရှင်းစေရန် တောင်းဆိုထားကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထိုနယ်မြေထဲသို့ ဝင်ရောက်လာသည့် ဒုက္ခသည်များကိုလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ခြွင်းချက်မရှိ ပြန်လည်နေရာချထားရေးနှင့် အကူအညီများ ပေးဆောင်သွားမည်ဖြစ်ကြောင်း တွေ့ရသည်။

Operation 1027 – ၁၀၂၇ စစ်ဆင်ရေး ညီနောင်မဟာမိတ် ၃ဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့များသည် ရှမ်းမြောက်ဒေသအတွင်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ