Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လေဖိအားနည်းရပ်ဝန်းမှ မုန်တိုင်းအဆင့်သို့ရောက်ရှိလာနိုင်ကြောင်း မိုးဇလထုတ်ပြန်

ABN-ဟိန်းထွန်း

ဇူလိုင် ၂၅ ရက်

ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် တွင်ဖြစ်ပေါ်လျက်ရှိသော လေဖိအားနည်းရပ်ဝန်းသည် အားကောင်းသော Well Marked Low Pressure Area အဆင့်သို့ရောက်ရှိခဲ့ပြီး မုန်တိုင်းငယ်အဆင့်ဖြစ်လာနိုင်ဖွယ်ရှိကြောင်း မိုး/ဇလ ထုတ်ပြန်ချက်အရသိရသည်။

ယနေ့မြန်မာစံတော်ချိန် ညနေ ၄ နာရီတိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်ပြည်နယ်မြောက်ပိုင်းကမ်းလွန်-ဩရိဿပြည်နယ် တောင်ပိုင်းကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် ဆက်လက်တည်ရှိနေကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

အဆိုပါအားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် နောက် ၂၄ နာရီအတွင်း မုန်တိုင်းငယ်( Depression )အဆင့်သို့ရောက်ရှိလာမည်ဖြစ်ပြီး အနောက် မြောက်ဘက်သို့ ဖြေးညှင်းစွာရွေ့လျားနိုင်ကာ အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်ပြည်နယ်မြောက် ပိုင်း-ဩရိဿပြည်နယ်တောင်ပိုင်းကမ်းခြေတို့ကို ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းထားကြောင်းသိရသည်။

ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် မုတ်သုံလေအားကောင်းနေသည့်အတွက် ရခိုင်ပြည်ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်လည်း မိုသက်လေပြင်းများကျရောက်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ