Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လိုင်ဇာ အနီးတွင် စစ်ကောင်စီတပ်နှင့် KIA တို့ တိုက်ပွဲပြင်းထန်နေ

လိုင်ဇာ အနီးတွင် စစ်ကောင်စီတပ်နှင့် KIA တို့ တိုက်ပွဲပြင်းထန်နေ

ABN-ရှိုင်းမိုး

ဇူလိုင် ၁၂ရက်

ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဌာနချုပ်တည်ရှိရာ ကချင်ပြည်နယ် လိုင်ဇာအနီးရှိ ဂျာပူရွာအနီးတွင် စစ်ကောင်စီတပ်နှင့် KIA တပ်တို့ကြား တိုက်ပွဲပြင်းထန်နေသည်ဟုသိရသည်။

ယနေ့ နံနက် ၈နာရီကျော်ခန့်တွင် ရွှေညောင်ပင်စစ်တပ်ဂိတ်မှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းကို ဂျာပူကျေးရွာအနီးတွင်ရှိသည့် KIA ဘက်မှ ကြားဖြတ်တိုက်ခိုက်နေပြီး လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

ယမန်နက် နံနက် ၉နာရီကျော်အချိန်တွင်လည်း စစ်ကောင်စဌတပ်နှင့် KIA တပ်တို့ လိုင်ဇာအနီးရှိ မဒီးယာန်ရွာအနီးတွင် တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့သည်။

တိုက်ပွဲဖြစ်ပွားနေချိန်တွင် နှစ်ဖက်လုံးမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သည်ဟုသိရသည်။

ထိုသို့ တိုက်ပွဲပြင်းထန်သောကြောင့် လူဦးရေ ၁၀၀၀ ကျော်နေထိုင်သည့် မဒီးယာန်ရွာ၊ ခယာယာရွာနှင့် အောင်ဂျာကျေးရွာတို့မှ ဒေသခံများထွက်ပြေးနေခဲ့ရသည်။

ဇူလိုင်လ အစောပိုင်းမှစ၍ လိုင်ဇာအနားရှိ စစ်တပ်နှင့် KIA တို့ နှစ်ဖက်တိုက်ပွဲများဖြစ်ပွားနေကြခြင်းဖြစ်ပြီး ပြည်သူများ သတိဖြင့်နေကြရန် KIA ကထုတ်ပြန်ချက် ထုတ်ပြန်ထားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ