Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လိုင်ဇာအနီးရှိ AA တပ်စခန်းများသို့ စစ်ကောင်စီက လက်နက်ကြီးဖြင့် ဆက်လက် ပစ်ခတ်နေ

လိုင်ဇာအနီးရှိ AA တပ်စခန်းများသို့ စစ်ကောင်စီက လက်နက်ကြီးဖြင့် ဆက်လက် ပစ်ခတ်နေ

AB News-အောက်တိုဘာ ၇ ရက်

ကချင်ပြည်၊ ခါယာတောင်တွင် တပ်စွဲတပ်ထားသည့်စစ်ကောင်စီတပ်မှ လိုင်ဇာအနီး မုန်လိုင်ခမ်းရှိ ရက္ခိုင့်တပ်တော် AAတပ်စခန်းများသို့ လက်နက်ကြီးဖြင့် ဆက်လက်ပစ်ခတ်လျက်ရှိကြောင်း ဒေသခံများပြည်သူများက ပြောဆိုသည်။

ယမန်နေ့ အောက်တိုဘာ ၆ ရက်နေ့ ည ၁၀နာရီ မိနစ် ၂၀ခန့်က ခါယာတောင်ရှိ စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် လိုင်ဇာအနီးမုန်လိုင်ခမ်းရှိ ရက္ခိုင့်တပ်တော် AA တပ်စခန်းဝန်းကျင်သို့ ထပ်မံကျရောက်ခဲ့ကြောင်း ၎င်းဒေသခံများက ဆိုပါသည်။

အဆိုပါလက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ရက္ခိုင့်တပ်တော် AA ဖက်က တစ်စုံတစ်ရာထိခိုက်ဒဏ်ရာရခဲ့ခြင်းမရှိ​ခဲ့ဟု သိရသည်။

စစ်ကောင်စီတပ်သည် အဆိုပါ ခါယာတောင် စစ်စခန်းမှ ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက်နေ့ကလည်း လက်နက်ကြီး ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ AA မှ ဗိုလ်ကြီးအဆင့် အရာရှိတစ်ဦး ကျဆုံးခဲ့ရပြီး တပ်သားတချို့လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ရသည်။

ယခုကဲ့သို့ ရက္ခိုင့်တပ်တော် AA တပ်စခန်းများသို့ စစ်ကောင်စီက တမင် တကာရည်ရွယ်ချက်ရှိရှိ အကြိမ်ကြိမ် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်းအပေါ် ရက္ခိုင့်တပ်တော် AA ဘက်မှ လိုအပ်သလိုတုံ့ပြန်သွားမည်ဟု ULA/AA ပြောခွင့်ရ ဦးခိုင်သုခက မီဒီယာများသို့ပြောဆိုထား သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ