Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လိုင်ဇာတွင် AA မှ အရာရှိတစ်ဦး စစ်ကောင်စီ၏ လက်နက်ကြီးထိမှန်သေဆုံး၊ တပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရ

လိုင်ဇာတွင် AA မှ အရာရှိတစ်ဦး စစ်ကောင်စီ၏ လက်နက်ကြီးထိမှန်သေဆုံး၊ တပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရ

ABN-ရှိုင်းမိုး

စက်တင်ဘာ ၂၉ရက်

စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ကချင်ပြည်ရှိ ခါယာတောင်မှ စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ရှိ ရက္ခိုင့်တပ်တော် AA တပ် စခန်းတခုအတွင်း လက်နက်ကြီးကျည်ကျ ရောက်ပေါက်ကွဲမှုကြောင့် AAမှ ဗိုလ်ကြီးအဆင့် အရာရှိတစ်ဦး သေဆုံးပြီး၊ တပ်ဖွဲ့ ဝင်တချို့လည်း ထိခိုက်ဒဏ်ရာရှိခဲ့သည်ဟု APMမှဖော်ပြချက်အရသိရသည်။

​ကျဆုံးသွားသည့် အရာရှိသည် လက်နက်ကြီးကျရောက်စဥ်က ဒဏ်ရာပြင်းထန်ရရှိကာ ညနေ ၄နာရီခန့်အချိန်က အသက်ကုန်ဆုံးခဲ့သည်ဟု သိရသည်။

KIA အပါအဝင် K-PDF တပ်ဖွဲ့များသည် စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်၊ နှစ်ဖက်လုံး လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက် ခဲ့ကြသည်ဟုသိရသည်။

ထိုသို့ပစ်ခတ်မှုကြောင့် စစ်တပ်မှပစ်ခတ်လိုက်သော လက်နက်ကြီးများသည် လိုင်ဇာမြို့အနီးရှိ AA၏ မုန်လိုင်ခမ်း တပ်စခန်းသို့ကျရောက် ပေါက်ကွဲခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့က ကရင်ပြည် KNUရှိ AA တပ်စခန်းတခုကို မြန်မာစစ်တပ်က ဂျက်တိုက် လေယာဉ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် AA တပ်ဖွဲဝင် ၆ ဦးကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ