Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လိုင်ဇာတွင် တိုက်ပွဲများအချိန်မရွေး ဖြစ်လာနိုင်ကြောင်း ဒေသတွင်းနေ ပြည်သူများကို KIA သတိပေး

ABN-ရှိုင်းမိုး

ဇူလိုင် ၅ရက်

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ်၊ လိုင်ဇာခရိုင်သို့ မြန်မာစစ်တပ်က စစ်ကြောင်းထိုးနေ သဖြင့် တိုက်ပွဲများအချိန်မရွေး ဖြစ်လာနိုင်၍ ဒေသခံပြည်သူများအနေနှင့် အထူးဂရုစိုက်သွားလာ နေထိုင်ကြရန် လိုင်ဇာခရိုင် အုပ်ချုပ်ရေးရုံးက ဇူလိုင်လ ၄ ရက်နေ့က သတိပေးချက်ထုတ်ပြန် လိုက်သည်။

ထိုထုတ်ပြန်ချက်တွင် မြန်မာစစ်တပ်နှင့် နီးစပ်ရာဒေသများ၊ တိုက်ပွဲဖြစ်ပွားနေသော နေရာများနှင့် တိုက်ပွဲဖြစ်လာနိုင်သည့်နေရာများသို့ မသွားကြရန်၊မြစ်ကြီးနား-ဗန်းမော်လမ်တစ်လျှောက် ခရီးသွားလားမှုကိုလည်း အတတ်နိုင်ဆုံး ရှောင်သွားကြရန်၊ အကယ်၍ မဖြစ်မနေ သွားဖို့လိုအပ်နေပါက စစ်ရေးအခြေအနေကို လေ့လာပြီးမှသာ သွားလာကြရန်ဖော်ပြထားသည်။

၎င်းအပြင် မြန်မာစစ်တပ်ကို လူအားနဲ့ ဖြစ်စေ၊ ပစ္စည်းအင်အားနဲ့ဖြစ်စေ ကူညီပတ်သက်ခြင်း လုံးဝမလုပ်​ကြဖို့ကိုလည်း KIA က သတိပီး တိုက်တွန်းထားပါသည်။

ဇူလိုင်လ အစောပိုင်းမှစ၍ မြစ်ကြီးနား-ဗန်းမော်ကားလမ်းတွင် KIA နဲ့ မြန်မာစစ်တပ်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေကြပြီး စစ်ရေး

တင်းမာလျက်ရှိကြောင်း သိရသည်။

လိုင်ဇာသည် ရက္ခိုင့်တပ်တော် ဌာနချုပ်တည်ရှိရာနေရာလည်းဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ