Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လိုင်ဇာတွင် စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်ပြည်သူ ၃၀ကျော်သေဆုံး

ABN-ထက်မြတ်ခင်

အောက်တိုဘာ ၁၀ရက်

ကချင်ပြည်နယ်၊ KIA/KIO ဌာနချုပ်ရှိသည့် လိုင်ဇာကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သည့်အတွက်ကြောင့် ကလေးငယ် ၁၃ ဦး အပါအဝင် ပြည်သူ ၃၂ ဦး ထက်မနည်း သေဆုံးပြီး ဒဏ်ရာရရှိသူလည်းများပြားကြောင်း ဒေသတွင်းသတင်းများအရသိရသည်။

အောက်တိုဘာလ ၉ ရက်နေ့ ည၁၁ နာရီကျော်အချိန် စစ်တပ်က လက်နက် ကြီးများဖြင့် တောက်လျှောက် ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် ယနေ့ နံနက် ၁ နာရီအချိန်တွင် လက်နက်ကြီးကျည်သည် လိုင်ဇာရှိ အရပ်သားပြည်သူများနှင့် စစ်ဘေးရှောင် ပြည်သူများ နေထိုင်ရာ မုန်လိုင်ချက် စစ်ဘေးရှောင်စခန်းသို့ ကျရောက်ပြီး ကလေးငယ် ၁၃ ဦး၊ အမျိုးသမီးများ အပါအဝင် ပြည်သူ ၃၂ ဦး သေဆုံးကြောင်း၊ ဒဏ်ရာရရှိသူလည်းရှိကြသည်ဟုသိရသည်။

စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သော မုန်လိုင်ချက်စစ် ဘေးရှောင် စခန်းသည် လိုင်ဇာမြို့နှင့် ၂ မိုင်အကွာတွင် တည်ရှိကြောင်း သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ