Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လားရှိုး – မူဆယ်လမ်းမကြီး သိန္နီမြို့အဝင် တံတားကျိုးကျပျက်စီး

လားရှိုး - မူဆယ်လမ်းမကြီး သိန္နီမြို့အဝင် တံတားကျိုးကျပျက်စီး

ABN-ထက်မြတ်ခင်

အောက်တိုဘာ ၃၀ရက်

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမကြီး သိန္နီမြို့အဝင်တံတားသည် ယနေ့ အောက်တိုဘာ ၃၀ ရက် နံနက်အချိန်က ကျိုးကျပျက်စီးသွားသည်ဟု ဒေသတွင်းသတင်းများအရ သိရသည်။

ယနေ့နံနက် ၅ နာရီခွဲ အချိန်က ကွတ်ခိုင်နှင့် နမ့်ဖက်ကာကြားရှိ နမ့်ခိုင်စစ်ဆေးရေးဂိတ်တံတားကို ညီနောင်မဟာမိတ်တပ်များက စစ်ဆင်ရေးဖော်ဆောင်နေသောကြောင့် ဖောက်ခွဲလိုက်ခြင်းဖြစ်သည်ဟုသိရသည်။

၎င်းတံတားသည် ချင်းရွှေဟော်၊ လောက်ကိုင်ဘက်သွားသည့် အဓိကလမ်းမကြီးဖြစ်ပြီး ကွတ်ခိုင်၊ မူဆယ် ၊ နမ့်ခမ်းဘက်သို့ စစ်ကောင်စီက စစ်ကူနှင့် စစ်ထောက်ပို့ပစ္စည်းများ ပို့ဆောင်ရာ၌ အဓိကအသုံးပြုနေသောကြောင့် ဖောက်ခွဲဖျက်ဆီးခြင်း ဖြစ်နိုင်သည်ဟုသိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ သိန္နီမြို့နယ် လားရှိုး-မူဆယ်လမ်းအနီးက စစ်ကောင်စီ တပ်စခန်းတစ်ခုကို မဟာမိတ်အဖွဲများက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်းသိရသည်။

မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးရှိ မိုင်းလီကျေးရွာအနီးက တပ်စခန်းတစ်ခုကို ယမန်နေ့ အောက်တိုဘာလ ၂၉ရက်နေ့ ညပိုင်းက တိုက်ခိုက်သိမ်းပိုက်လိုက်သည်ဟုသိရသည်။

ထိုစခန်းမှ လက်နက်ခဲ့ယမ်းအများအပြားသိမ်းပိုက်ရရှိခဲ့သည်ဟုသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ