Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လားရှိုးမြို့နယ်တွင် စစ်ကောင်စီက ပစ်သည့် လက်နက်ကြီးထိမှန်၍ အမျိုးသမီးတစ်ဦးသေဆုံးကာ (၈)လသားအရွယ်ကလေးတစ်ဦး ဒဏ်ရာရ

ABN-မေအိအိအောင်

ဇွန် ၁၄ ရက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်တွင် စစ်ကောင်စီက ပစ်သည့် လက်နက်ကြီးကျည်စ ထိမှန်ပြီး အမျိုးသမီးတစ်ဦးသေဆုံးကာ ၈ လသားအရွယ် ကလေးငယ်တစ်ဦးဒဏ်ရာရရှိသွားကြောင်းသိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့က လားရှိုးမြို့နယ်တွင် စကစနှင့် ကိုးကန့်တပ်မတော် MNDAA တို့ တိုက်ပွဲဖြစ်ပြီး စကစ ဘက်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်စဉ် မန်ဘန်ကျေးရွာတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း TNLA က ယမန်နေ့ ဇွန်လ ၁၃ ရက်နေ့ကထုတ်ပြန်ထားသည်။

လက်နက်ကြီးကျည်ကြောင့် သေဆုံးခဲ့သူမှာ အသက် ၃၈ နှစ်ရှိ ဒေါ်မယွန်းဖြစ်ပြီး ဒဏ်ရာရရှိခဲ့သည့် အသက် ၈ လအရွယ် ကလေးငယ်ကို ဆေးရုံသို့ပို့ဆောင်ထားကြောင်းသိရသည်။

အဆိုပါတိုက်ပွဲကြောင့် မန်ဘန်ကျေးရွာတွင် နေအိမ်(၃)လုံး ပျက်စီးခဲ့ရကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ရေလဲဦးကျေးရွာတွင်လည်း ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့က စစ်ကောင်စီက ပစ်သည့် လက်နက်ကြီးကြောင့် ပြည်သူ တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သည်။

အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ လေးကန်စုရွာကို ဇွန်လ ၇ ရက်နေ့က စစ်ကောင်စီတပ်တို့ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူအမျိုးသမီးတစ်ဦးနှင့် ၅ ရက်သား ကလေးတစ်ဦးကို ပစ်သတ်ခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ