Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လက်နက်ကိုင်ပဋိပက္ခ​​ဖြစ်ပွားမှုကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူ ၁ ဒသမ ၉ သန်းနီးပါးခန့်ရှိလာပြီဟု UNOCHA ထုတ်ပြန်

လက်နက်ကိုင်ပဋိပက္ခ​​ဖြစ်ပွားမှုကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူ ၁ ဒသမ ၉ သန်းနီးပါးခန့်ရှိလာပြီဟု UNOCHA ထုတ်ပြန်

ABN-ဟိန်းထွန်း

ဇူလိုင် ၂၆ ရက်

မြန်မာနိုင်ငံတွင် လက်နက်ကိုင်အဖွဲ့များ၏ ပဋိပက္ခဖြစ်ပွားမှု နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆိုးကျိုးများကြောင့် ပြည်တွင်းမှနေရပ်စွန့်ခွာလာသူဦးရေ ၁ဒသမ ၉ သန်းနီးပါးရှိလာပြီဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းပေါင်းစပ်ရေးရုံး UNOCHA မှ ဇူလိုင်လ ၁၉ ရက်နေ့က ထုတ်ပြန်လိုက်သည်ကို တွေ့ရသည်။

ရခိုင်ပြည်နယ်မှာပုံမှန်စီမံကိန်းများပြန်လည်စတင်နေသော်လည်းဘဲ ဆိုင်ကလုန်းကယ်ဆယ်ရေးလုပ်ငန်းလုပ်ဆောင်ခွင့်ကို မုန်တိုင်းအပြီး ၂ လအကြာမှာဆိုင်းငံ့ထားဆဲဖြစ်ကြောင်း UNOCHA ကဆိုသည်။

ထို့အပြင် လူသားချင်းစာနာမှုဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများအနေနှင့် မုန်တိုင်းဒဏ်သင့်ဒေသခံများထံသို့ တိုးချဲ့ကူညီနိုင်ဖို့အတွက် တိုက်တွန်းဆော်ဩမှုများ ဆက်လက်လုပ်ဆောင်နေသလို ယခင်ခွင့်ပြုထားသည့် ကယ်ဆယ်ရေးပစ္စည်းဖြန့်ဝေခွင့်နှင့် သယ်ယူပို့ဆောင်ရေးအစီအစဥ်ကို ပြန်လည်အတည်ပြုနိုင်ဖို့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ပြန်လည်တင်ထားပြီးဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

အလားတူ ပြည်နယ်နဲ့တိုင်းဒေသကြီးအများအပြားမှာ တိုက်ပွဲများ ပြင်းထန်စွာဆက်လက်ဖြစ်ပွားနေသည့်အတွက်ကြောင့် အရပ်သားသေဆုံးမှုနှင့် အိုးအိမ်စွန့်ခွါထွက်ပြေးရသူများလည်း ဆက်လက်ဖြစ်ပေါ်နေသော အစီရင်ခံစဥ်ကာလအတွင်းမှာ လေကြောင်းတိုက်ခိုက်မှုအပါအဝင် ပြင်းထန်သည့်တိုက်ပွဲများကြောင့် ပြည်နယ် (၃) ခုမှ လူဦးရေ ၃,၀၀၀ နီးပါး နေရပ်စွန့်ခွါထွက်ပြေးခဲ့ရသည်ဟု UNOCHA က အတည်ပြုပြောဆိုလိုက်သည်။

ကုလသမဂ္ဂ၏ နောက်ဆုံးကိန်းဂဏန်းများ အရ ၂၀၂၃ ခုနှစ် ဇူလိုင်လ (၁၀) ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူဦးရေ ၁ ဒသမ ၉ သန်းနီးပါးရှိလာပြီဖြစ်ကာ

၎င်းထဲမှ လူဦးရေ ၁ ဒသမ ၆ သန်းနီးပါးသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာသည့် ပဋိပက္ခများနှင့် မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများဖြစ်ကြောင်း ဖော်ပြထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်