Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရှးမ်းပြည်နယ်၊ လားရှိုးမြို့နယ်ရှိ TNLA တပ်စခန်းအား စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်၊ TNLA ရဲဘော် ၅ ဦးထိခိုက်ဒဏ်ရာရ

ရှးမ်းပြည်နယ်၊ လားရှိုးမြို့နယ်ရှိ TNLA တပ်စခန်းအား စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်၊ TNLA ရဲဘော် ၅ ဦးထိခိုက်ဒဏ်ရာရ

ABN-မေအိအိအောင်

ဇူလိုင် ၂၉ရက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ်အတွင်းရှိ TNLA ၏ တပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်က လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်၍ TNLA ရဲဘော် ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA ကထုတ်ပြန်သည်။

အဆိုပါထုတ်ပြန်ချက်ကို ယမန်နေ့ ဇူလိုင်လ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင် ၂၇ ရက်နေ့က TNLA တပ်စခန်းကို စစ်ကောင်စီက လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဗုံးကြဲခံရသည့် တပ်စခန်းမှာ လားရှိုးမြို့နယ်ရှိ TNLA ၏ တပ်မဟာ ၄ ရှိရာ အီနိုင်းကျေးရွာအနီးတွင်ရှိသော စခန်းဖြစ်ပြီး အဆိုပါ စခန်းကို စစ်ကောင်စီက MI-35 တိုက်ရဟတ်ယာဉ် ၂ စီးဖြင့် ဗုံးကြဲခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်ကောင်စီက ယင်း ရဟတ်ယာဉ် ၂ စီးဖြင့် တပ်စခန်းရှ်ိရာသို့ ဗုံး ၁၅ လုံးကျော်ခန့်ကြဲချခဲ့ပြီး TNLA တပ်ဖွဲ့မှ ရဲဘော် ၅ ဦးမှာ မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အပြင် လက်နက်ကြီးဖြင့်လည်း ပစ်ခတ်၍ အရပ်သားတစ်ဦးသေဆုံးကာ ဒဏ်ရာရရှိသူများလည်းရှိခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်နေ့တွင်လည်း ရှမ်းပြည်နယ် ၊ မူဆယ်မြို့နယ်ရှိ စယ်လန့်ကျေးရွာအနီး ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်နှင့် TNLA တို့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ကျေးရွာအတွင်းသို့် လက်နက်ကြီးအဆက်မပြတ်ပစ်ခတ်ခဲ့၍ အရပ်သားတစ်ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့သည့်အပြင် လူနေအိမ် ၄ ဆောင်လည်း ပျက်စီးခဲ့ကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ