Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရှမ်းပြည်၏အဓိကအချက်အချာကျ​သည့် အီနိုင်းချောင်း တံတားအား စစ်ကောင်စီဖျက်ဆီး

AB News- ဇန်နဝါရီလ ၁၊ ၂၀၂၄

ယမန့်နေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၃နာရီအချိန်တွင် ရှမ်းပြည်၏ အဓိကအချက်အချာကျသည့် တံတား ၁ခုဖြစ်သော အီနိုင်းချောင်း တံတားအား စစ်ကောင်စီအဖွဲ့မှ လာရောက်ဖျက်ဆီးခဲ့သည်ဟု TNLA၏ ထုတ်ပြန်ချက်အရ သိရသည်။

အီနိုင်းချောင်းတံတားမှာ ရှမ်း​ပြည်၏ စီးပွားရေး အချက်အချာကျသည့် မြို့များဖြစ်သော လားရှိုး – နမ္မတူ – မန်တုံ – နမ့်ဆန်မြို့တို့အား အဓိက ဆက်သွယ်ထားသည့် တံတား ၁စင်းဖြစ်သည်။

၎င်းတံတားကို လားရှိုးမြို့မှ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီအဖွဲ့မှ ယမန်နေ့ ညနေ ၃နာရီအချိန်တွင် လာရောက်မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ပင် ဒီဇင်ဘာလ ၂၈ရက် ညနေ ၆နာရီ အချိန်တွင် စစ်ကောင်စီ၏ ၅၀၃/၅၀၄ တပ်မှ လာရောက်၍ သီပေါ-နမ္မတူ အကြားအဓိက ဆက်သွယ်ထားသော မိုးတေချောင်းတံတားကိုလည်း ဖျက်ဆီးခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ