Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရှမ်းပြည်မြောက်ပိုင်း ကွမ်းလုံနယ်တွင် စစ်ကောင်စီတပ်ရင်းတစ်ခု လက်နက်ချ အလင်းဝင်

Arakan Bay News-နိုဝင်ဘာ ၁ ရက်

ရှမ်းပြည် မြောက်ပိုင်း ကွမ်းလုံ တောင်ပိုင်းတွင် ရှိသည့် ကံမိုင်းရှိ စစ်ကောင်စီတပ်ရင်း တစ်ခုသည် ပြန်လည် ခုခံ တိုက်ခိုက်ခြင်း လုံးဝမရှိဘဲ စစ်ဆင်ရေး ၁၀၂၇ ဖော်ဆောင်နေသည့် မြောက်ပိုင်း ညီနောင် မဟာမိတ်များထံတွင် အောက်တိုဘာလ ၂၉ ရက်နေ့က လက်နက်ချ အလင်းဝင်ခဲ့ကြောင်း သိရသည်။

လက်နက်ချ အလင်းဝင်လာသည့် စစ်ကောင်စီတပ်ရင်း ဒုတပ်ရင်းမှူး ၁ဦး၊ တပ်ခွဲမှူး ၂ ဦးတို့အပါအဝင် စစ်သားအင်အား ၄၁ ဦးပါရှိကြောင်း သိရပြီး ၎င်းတပ်ရင်းမှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခြေလျင်တပ်ရင်း ၁၄၃ ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပြန်လည်ခံခုခြင်း အလျင်းမရှိဘဲ လက်နက်ချ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ၄၁ ဦးအား စစ်သုံ့ပန်း ဥပဒေနှင့်အညီ ထိန်းသိမ်းပြီး ၎င်းတို့အား မြန်မာငွေကျပ် တစ်ဦးစီလျှင် ၁၅ သိန်းကျပ်စီပေးကာ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း MNDAA ၏ ပြောခွင့်ရက ပြောသည်။

ခလရ ၁၄၃ စခန်းမှ စစ်ကောင်စီတပ်ဖွဲဝင်များ လက်နက်ချအညံ့ခံပြီးနောက် စခန်းရှိ ဆက်သွယ်ရေးစက် (၃) ခု၊ ရိုင်ဖယ်သေနတ် (၂၇) လက်၊ စက်လက်အငယ် (၅) လက်၊ RPG (၂) လက်၊ Sniper (၁) လက်၊ စက်လက်အကြီး (၂) လက်၊ Type -82 စိန်ပြောင်း (၁) လက်၊ ၆၀မမ စိန်ပြောင်း (၂) လက်၊ ၅.၅၆ ကျည် (၁၁) ဖာ၊ ၅.၅၆ Shot Gun ကျည် (၈၀၀၀)တောင့်၊ အီနာဂါ (၃) ဖာ၊ ရိုင်ဖယ်ကျည်ကပ် (၁၃၀) ခု၊ MA-4 ဗုံးသီး(၈၀) လုံး၊ ဗုံးသီးအမျိုးမျိုး (၂၄၇) လုံး၊ ၈၂မမ ဗုံးသီး (၉၁) လုံး၊ ၁၀၀မမ ဗုံးသီး (၄၆) လုံး ၊ MA-4 (၄)လက် ၊ လက်ကိုင်ဖုန်း (၂၈) လုံး၊ စကားပြောစက် (၇) ခု၊ ဆန် (၃၈) အိတ်၊ Readymade Food (၁၂) ဖာ၊ ကုလားပဲ (၃) ပုံး၊ ဆေး (၅) ဖာ၊ စားသုံးဆီ (၃) ပုံး၊ လောင်စာဆီ (၃) ပုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း MNDAA ကထုတ်ပြန်ထားသည်။

ထို့အပြင် စစ်ကောင်စီလက်အောက်ခံ မြန်မာ့တပ်တော်သားများအနေနဲ့ လက်နက်အပ်၍ သော်လည်းကောင်း၊ အလင်းဝင်၍ သော်လည်းကောင်း အမြန်ဆုံးဆက်သွယ်ကြရန် ညီနောင်မဟာမိတ် ၃ ဖွဲ့က အောက်တိုဘာလ ၃၁ ရက်နေ့က အထူးတိုက်တွန်း နှိုးဆော်ထားသည်ကိုလည်း တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ