Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် TNLAတို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီဘက်မှ ကျေးရွာဖက်သို့ လက်နက်ကြီးများအဆက်မပြတ်ပစ်ခတ်၊ ရွာသားများ ဘေးလွတ်ရာရှောင်တိမ်းနေကြရ

ABN-မေအိအိအောင်

ဇူလိုင် ၂၄ ရက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် TNLA တို့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ လူနေကျေးရွာအတွင်းသို့ လက်နက်ကြီးများပစ်ဖြင့် အဆက်မပြတ်ပစ်ခတ်နေကြောင်း TNLA က ထုတ်ပြန်ချက်အရသိရသည်။

ယမန်နေ့ ဇူလိုင် ၂၃ ရက်နေ့တွင် မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာအနီးတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLAက ယနေ့ ဇူလိုင်လ ၂၄ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စယ်လန့်ကျေးရွာသို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်နှင့် TNLA တပ်မဟာ (၁)၊ တပ်ရင်း (၁၁၂)တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်မှ လက်နက်ကြီးများနှင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီပစ်သည့် လက်နက်ကြီးကျည်များ ကျေးရွာအတွင်းကျရောက်ပေါက်ကွဲ၍ အရပ်သားတစ်ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရသည့်အပြင် လူနေအိမ် ၄ လုံးပျက်စီးခဲ့ကြောင်းသိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် မူဆယ်မြို့မှ တိုက်ပွဲဖြစ်ပွားရာ နေရာသို့ စစ်ကားနှင့် အင်အားထပ်ဖြည့်နေပြီး လက်နက်ကြီးများအဆက်မပြတ်ပစ်ခတ်နေကြောင်းသိရသည်။

ထိုကဲ့သို့ စစ်အင်အားဖြည့်တင်းခြင်းများ ၊ လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်နေခြင်းကြောင့် နှစ်ဖက်အကြား တိုက်ပွဲ ထပ်မံဖြစ်ပွားနိုင်ခြေရှိနေသည့်အတွက် စယ်လန့်ကျေးရွာဒေသခံများ ရွာလုံးကျွတ်ထွက်ပြေးနေရကြောင်းသိရသည်။

ယမန်နေ့ ဇူလိုင်လ ၂၃ ရက်နေ့တွင်လည်း ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ သမင်အင်ကုန်းကျေးရွာတွင် စစ်ကောင်စီကပစ်သည့် လက်နက်ကြီးကြောင့် မိသားစုဝင် ၄ ဦးပွဲချင်းပြီးသေဆုံးခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ