Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်တွင် မြေပြိုကျမှုဖြစ်ပြီး ကလေးတစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရ

သြဂုတ် ၁၀ ရက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်တွင် မြေပြိုကျမှုဖြစ်ပြီး ၂ နှစ်အရွယ် ကလေးတစ်ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိကြောင်းPSLF/TNLA ကယနေ့ထုတ်ပြန်ထားသည်။

ယမန်နေ့ သြဂုတ်လ ၉ ရက်နေ့တွင် နမ်းခမ်းမြို့နယ်ရှိ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် နမ်းခမ်းမြို့နယ်ရှိ ကျေးရွာ ၁၄ ရွာအတွင်း မြေပြိုမှုများ ဖြစ်ပွားခဲ့ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြသည်။

မြေပြိုကျပြီး မြေစာပိကာ သေဆုံးသွားသည့် ကလေးနှင့် ဒဏ်ရာရရှိသူ ကလေး၏ ကျေးရွာမှာ နမ်းခမ်းမြို့နယ်၊ဖာလင်ကျေးရွာအုပ်စုပ်၊ မန်ကန်ကျေးရွာမှဖြစ်ကြောင်းသိရသည်။

မိုးသည်းထန်စွာရွာသွန်း၍ မြေပြိုမှုများဖြစ်ခဲ့သည့် ကျေးရွာများမှာ နမ့်ခမ်းမြို့နယ်အတွင်းရှိ မန်ကန်ရွာ၊ မန်လုံရွာ၊ နမ့်ဟွမ်ရွာ၊ ကောင်းခေရွာ၊ ပန်လောရွာ၊ ပန်ခါးရွာ၊ လွယ်မွန်းရွာ၊ ဆိုင်တောင်ရွာ၊ ဆာလူရွာ၊ မန်အောင်ရွာ၊ ဖာလင်ရွာ၊ ကြူဆိုင်းရွာ၊ ပန်ဟန်ကြီးရွာနှင့် မန်စပ်ရွာတို့ဖြစ်သည်။

ထိုကဲ့သို့ မြေပြိုမှုကြောင့် နေအိမ် ၂၆ လုံး၊ ဘုန်းကြီးကျောင်း ၂ ကျောင်းနှင့် သီလရှင်ကျောင်း ၁ ကျောင်း ပျက်စီးသွားခဲ့ရပြီး ကျေးရွာ ၆ ရွာအတွင်းရှိ လမ်းများ ပြိုကျပျက်စီးသွားခဲ့ကြောင်းသိရသည်။

ယင်းအပြင် ပန်ခါးရွာနှင့် ပန်လောရွာသို့ဆက်သွယ်ထားသည့် တံတား ၂ စင်းလည်း ကျိုးကျပျက်စီးသွားသဖြင့် လမ်းပိတ်နေသည်ဟု PSLF/TNLA မှထုတ်ပြန်ချက်တွင်ပါသည်။

မြေပြိုမှုကြောင့် နေအိမ်များအပြင် နေအိမ်အတွင်းရှိ အိမ်သုံးပစ္စည်းများ၊ ဆန်၊ ဆိုင်ကယ်နှင့် နေအိမ်အသုံးအဆောင်ပစ္စည်းများ မြေစာပိကာ ကာလတန်ဖိုး ကျပ်သိန်း(၈၀၀)ဝန်းကျင် ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ