Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရှမ်းပြည်နယ်မြောက်ပိုင်း နမ်ခွန်ရွာတွင် ဗုံးခိုကျင်းပြိုကျ၍ သားမိ ၂ ဦးသေဆုံး

AB News- နိုဝင်ဘာ ၂ ရက်

စစ်ကောင်စီမှ လေ​ကြောင်းမှတိုက်ခိုက်သည့်အတွက် ရှမ်းပြည်နယ် မြောက်ပိုင်း နမ်ခွန်ရွာတွင် ဗုံးခိုကျင်းပြိုကျပြီး သားမိ ၂ ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်

၎င်းတို့ ၂ ဦးသည် ယနေ့နံနက်ပိုင်းက စစ်ကောင်စီ၏ လေကြောင်းရန်ကို ကြောက်ရွံ့၍ ဗုံးခိုကျင်းထဲ၌ ခိုလှုံနေစဥ် မြေသားပြိုကျပြီး သေဆုံးသွားခဲ့သည်။

သေဆုံးသူ ၂ ဦးမှာ အသက် ၄၅ နှစ်ကျော်အရွယ် မိခင်ဖြစ်သူ ဒေါ်မဒိန့်ခေါ်ဝါမ် နှင့် အသက် ၁၂ နှစ်ကျော်အရွယ် သားဖြစ်သူ မောင်တန်ဘော် ခေါင်ဇောင်းတို့ဖြစ်သည်။

၎င်းအနီးတွင် ၁၀၂၇ စစ်ဆင်ရေး ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ၂ ဖက်တိုက်ပွဲထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။

စစ်ကောင်စီဖက်မှ သေဆုံးသူများပြားလာသည့် အတွက် ၎င်းတို့လုပ်နည်းထုံစံအတိုင်း ပြည်သူများအား ပစ်မှတ်ထား ဗုံးကြဲချခြင်း၊ မတရားဖမ်းဆီးခြင်းများ ပြုလုပ်လျက်ရှိနေကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အထက်အောက်ဆက်ဆံမှုတွင် နိုင်ထက်စီးနင်းမှုကြောင့် တပ်တွင်းမှထွက်ပြေးသူများပြားလာနေပြီးညီနောင်မဟာမိတ် ၃ ဖွဲ့ထံတွင် လက်နက်ချအလင်းဝင်ရောက်လာသည့် စကစ အဖွဲ့ဝင်များ တစ်နေ့ထက်တစ်နေ့ မျာလာနေကြောင်း တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ