Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းတို့တွင် တစ်ရက်အတွင်း တိုက်ပွဲ ၇ နေရာဖြစ်ပွားပြီး စစ်ကောင်စီတပ်သားအများအပြားသေဆုံးဟုသိရ

ABN-ရှိုင်းမိုး

စက်တင်ဘာ ၂၀ရက်

ရှမ်းပြည်နယ် မူဆယ်မြို့နှင့် ကွတ်ခိုင်မြို့နယ်၊ မန္တလေးတိုင်ဒေသ မိုးကုတ်မြို့နယ်တို့တွင် စစ်ကောင်စီနဲ့ တအာင်းတပ်မတော်တို့ တရက်အတွင်း တိုက်ပွဲ ၇နေရာဖြစ်ပွားခဲ့သည်ဟု TNLAမှထုတ်ပြန်ထားသည်။

ထိုသို့တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ကောင်စီတပ်သားသေဆုံးမှုများပြီး လက်နက်ခဲယမ်းများလည်းစုစည်းရလိုက်သည်ဟုသိရှိရသည်။

စက်တင်ဘာလ ၁၉ရက်နေ့နံနက် ၉နာရီအချိန်မှစ၍ မွန်းလွဲ ၁နာရီအထိ တိုက်ပွဲဖြစ်ပွားနေဆဲဟု သိရှိရသည်။

အဆိုပါတိုက်ပွဲသည် တအာင်းတပ်မတော်ရှိရာ အောက်ညောင်ကုန်းရွာနားသို့ အကြမ်းဖက်စစ်ကောင်စီမှ စစ်ကြောင်းထိုးလာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုသိရှိရသည်။

မွန်းလွဲ ၁နာရီကျော်မှ ညနေ ၅နာရီအထိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်း ၃ခုကို တအာင်းတပ်မတော် TNLAမှတန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့သည်ဟုသိရသည်။

ထိုနည်းတူ မူဆယ်မြို့နယ် ဆိုင်ခေါင်ရွာအနီးတွင် နံနက် ၁၀ နာရီကျော်အချိန်က စစ်ကောင်စီတပ်စခန်းကို တအာင်းတပ်မတော် တပ်မဟာ ၁ လက်အောက်ခံတပ်သားများမှ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့သည်ဟုသိရသည်။

ထိုသို့တိုက်ပွဲဖြစ်ပွားရာနေရာအနီးသို့ စစ်ကောင်စီမှ လက်နက်ကြီး ၁၁၂ ကြိမ်ရမ်းသမ်းပစ်ခတ်ခဲ့ရာ ပြည်သူ့နေအိမ်များထိခိုက်ပျက်စီးပြီး ပြည်သူများထိခိုက်သေဆုံးမှုရှိခဲ့သည်။

ထိုတိုက်ပွဲကြောင့် ပြည်သူ ၄၀၀ ကျော်အပါဝင် မူဆယ်မြို့နယ်ရှိ အိမ်ထောင်စု ၁၃၁စု လူဦးရေ ၃၄၀ ကျော်စစ်ဘေးရှောင်နေကြရသည်။

ဇူလိုင်လ ၂၃ရက်နေ့မှ စက်တင်ဘာလ ၁၉ရက်နေ့အထိ အကြမ်းဖက်စစ်တပ်နဲ့ တအာင်းတပ်မတော်တို့ တိုက်ပွဲ ၅၂ကြိမ်ဖြစ်ပွားခဲ့ကြောင်း TNLAမှထုတ်ပြန်ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ