သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရွေးကောက်ပွဲ ကျင်းပလျှင် နိုင်ငံရေးပြဿနာအား ငြိမ်းချမ်းစွာ ဖြေရှင်းရေး ပိုခက်ခဲသွားမည်ဟု ဂျပန် သတိပေး

AB News – သြဂုတ် ၁၊ ၂၀၂၅
နွယ်စိုး

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပလျှင် ပြင်းထန်သော ပြည်သူ့ဆန့်ကျင်မှု ဖြစ်ပေါ်လာမည်ဖြစ်ကြောင်းနှင့် နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် ပိုခက်ခဲနိုင်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့တွင် ထုတ်ပြန်သည်။

စစ်မှန်သည့် တွေ့ဆုံဆွေးနွေးမှုများ အပါအဝင် နိုင်ငံရေးတိုးတက်မှုများမရှိဘဲ အထွေထွေရွေးကောက်ပွဲများ ကျင်းပမည်ဆိုပါက မြန်မာပြည်သူများ၏ ပြင်းထန်သောတုံ့ပြန်မှုများကို ရင်ဆိုင်ရမည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ၄ နှစ်ခွဲကြာသည့်တိုင် ဆက်လက်ဖြစ်ပေါ်နေသည့် အခြေအနေများကို ပြင်းပြင်းထန်ထန် စိုးရိမ်ပူပန်ပြီး လုံး၀ သဘောမတွေ့ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူအများအပြားကို ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုနဲ့ အခြားအကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် အခြေအနေမှာ တိုးတက်မှုမရှိဘူး” ဟု IWAYA Takeshi က ပြောသည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်နှင့် ဒီမိုကရေစီနိုင်ငံရေးစနစ်သို့ ချက်ချင်းပြန်သွားရန် ဂျပန်နိုင်ငံခြားရေးဝန်ကြီး IWAYA Takeshi က တောင်းဆိုထားသည်။

ထို့ပြင် နိုင်ငံရေးပြဿနာများကို ပိုမိုခက်ခဲလာမည်နှင့် မြန်မာစစ်တပ်အနေဖြင့် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန် လိုအပ်ကြောင်းလည်း IWAYA Takeshiက ဆိုသည်။

မြန်မာစစ်တပ်အနေဖြင့် စစ်စစ်မှန်မှန် ရိုးရိုးသားသား ဆောင်ရွက်မည်ဟု ဂျပန်က ယုံကြည်မျှော်လင့်ကြောင်း၊ မြန်မာတစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအတွက် အကောင်အထည်ဖော်ဆောင်ရန် မျှော်လင့်ကြောင်းလည်း ပြောသည်။

ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှ ပြည်သူများ၏ အသံများကို ဂရုတစိုက် နားထောင်ပြီး သက်ဆိုင်သူ အသီးသီးနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဟုလည်း ပြောသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ