Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရေနံတင်သင်္ဘော ပေါက်ကွဲပြီး သင်္ဘောကျင်းလုပ်သားများ ပျောက်ဆုံးနေကြောင်းသိရ

ABN- ရှိုင်းမိုး

ယနေ့ နံနက်ပိုင်းက Muang ခရိုင် မဲခေါင်မြစ်ပေါ်ရှိ သင်္ဘောကျင်းတစ်ခုတွင် ရေနံတင်သင်္ဘောတစ်စီး မီးလောင်ပေါက်ကွဲပြီးနောက် လုပ်သား ၈ဦးပျောက်ဆုံးကာ နေအိမ်များ ပျက်စီးသွားကြောင်းသိရသည်။

ရေနံတင်သင်္ဘော Smooth Sea 22 သည် ယနေ့ နံနက် ၉နာရီ ၁၇ မိနစ်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ထိုသင်္ဘောသည် တန်ချိန် ၆၅၀၀ သယ်ဆောင်နိုင်သည့် ရေနံတင်သင်္ဘောဖြစ်ပြီး တမွန်လမ်ယိုင်ရှိ Ruammitr သင်္ဘောကျင်းတွင် ပုံမှန်ပြုပြင်ထိန်းသိမ်းမှု ပြုလုပ်နေသည့်သင်္ဘောဖြစ်သည်။

မီးလောင်ချိန်တွင် ၎င်းရေနံသိုလှောင်ဘူးများတွင် ရေနံရှိမနေကြောင်း သိရသည်။

“ပေါက်ကွဲသံကိုကြားလိုက်ရတယ်။ ကီလိုမီတာ တော်တော်ဝေးဝေးကကို ကြားလိုက်ရတာပါ။ လူနေအိမ်တွေမှာလည်း မှန််ပြတင်းပေါက်တွေမှာလည်း ကွဲအပ်သွားတယ်”

၁ နာရီခန့်အကြာတွင် သင်္ဘောပေါ်တွင် မီးကိုထိန်းချုပ်နိုင်ခဲ့ကြောင်း ရေကြောင်းဌာနမှ ပြောကြားခဲ့သည်။

သို့သော်လည်း သင်္ဘောလုပ်သား ၈ ဦးမှာမူပျောက်ဆုံးနေကြောင်းသိရသည်။

ရေနံတင်သင်္ဘော ပေါက်ကွဲပြီး သင်္ဘောကျင်းလုပ်သားများ ပျောက်ဆုံးနေကြောင်းသိရ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ