Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရုရှား အရာရှိစစ်သည် ၈ဝဝ နှင့် စကစ တပ်သားများ စစ်ရေးပူးတွဲလေ့ကျင့်ရန် ရုရှားသင်္ဘောများ ရန်ကုန်သို့ရောက်ရှိနေ

AB News – နိုဝင်ဘာ ၃ ရက်

​မြန်မာနိုင်ငံတွင်း ပဋိပက္ခဖြစ်ပွားနေသည့် အချိန်တွင် ရုရှား အရာရှိစစ်သည် ၈ဝဝ နှင့် စကစ တပ်သားများ စစ်ရေး ပူးတွဲလေ့ကျင့်ရန် ရုရှားသင်္ဘောများသည် နိုဝင်ဘာလ ၂ ရက်နေ့က ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာကြောင်း သိရသည်။

၎င်းတို့သည် ရန်သူဖျက်သ​င်္ဘာကြီး ( Destroyer )ဖြစ်သည့် Admiral Tributs Admiral Panteleev နှင့် Sea Tanker Pechenga တို့ဖြစ်ပြီး ရန်ကုန်သို့ ပထမအကြိမ်ရောက်ရှိလာခြင်းဖြစ်သည်။

စစ်ကောင်စီတပ်မှ အရာရှိကြီးများ၊ စစ်သည်များနှင့် ရုရှားစစ်သံမှူးများက ကြိုဆိုခဲ့ကြောင်း စစ်ကောင်စီပိုင်မြန်မာ့အလင်း သတင်းစာကဖော်ပြထားသည်။

စစ်ရေယာဥ်များနှင့် တပ်မတော်သားများသည် ရေတပ်ပူးတွဲလေ့ကျင့်မှုကို ကပ္ပလီပင်လယ်အော်တွင် ကျင်းပသွားမည်ဟု သိရသော်လည်း မည်သည့် နေ့ရက်လုပ်ဆောင်သွားကို စကစ ဖက်မှမထုတ်ပြန်သေးပေ။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ရခိုင်ပြည်အတွင်း၌လည်း စစ်ရေးလေ့ကျင့်မှုများပြုလုပ်ခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်စမ်းသပ်ခြင်းများ ဆက်တိုက်ပြုလုပ်လျက်ရှိနေသည်။

စစ်ကောင်စီအဖွဲ့သည် ရှမ်းမြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေး၌ အဆုံးအရှုံးများလျက်ရှိနေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ