
(ရဲတပ်သား ၂ ဦးသေဆုံး ၊ စစ်လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့)
AB News – ဇူလိုင် ၂၁ ၊ ၂၀၂၅
ချန်ဒြာ
ရန်ကုန် – မန္တလေးအမြန်လမ်း မိုင်တိုင် ၃၁၈ တွင် စစ်ကောင်စီအဖွဲ့၏စစ်ကား ၁ စီးကို NPDF တို့ တိုက်ခိုက်ခဲ့သည့်အတွက်ရဲတပ်သား ၂ ဦးသေဆုံးခဲ့ပြီး စစ်လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ယမန်နေ့တွင် NPDF မှ ထုတ်ပြန်ခဲ့သည်။
ယမန်နေ့ ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၇ နာရီ ၂၂ မိနစ်အချိန်ခန့်တွင် စစ်ကား ၁ စီးကို မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း နှင့် မြင်းခြံ ခရိုင်အမှတ် ၁၀ တပ်ရင်းတို့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကားပေါ်ပါလာသော ရဲတပ်သား ၂ ဦးသေဆုံးသွားခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုအတွင်း BA-94 (၂)လက်၊ ကျည်ဘောက် (၅) ဘောက်၊ 9mm ကျည်(၁၂၃)တောင့်၊ 7.62ကျည် (၁၂၇)တောင့်တို့အားသိမ်းဆည်းရမိခဲ့ပြီး ရဲကား(၁)စီးအား မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များအကြား နိုင်ငံ၏ နေရာအနှံ့အပြားတွင် တိုက်ပွဲပြင်းထန်လျက်ရှိနေပြီး စစ်ကောင်စီဖက်မှ စစ်သင်္ဘောများ၊ တိုက်ခိုက်ရေးလေယာဥ်များပါ ဆုံးရှုံးလာနေသည်ကို တွေ့ရသည်။