Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ခရီးသည်ကားတစ်စီး တိမ်းမှောက်မှုကြောင့် လူ ၅ ဦးသေဆုံးပြီး ၃၀ ဦးဒဏ်ရာရ

ABN-နွယ်စိုး

ရေတာရှည်မြို့နယ်ရှိ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ သာဂရအမြန်လမ်းမီးသတ်စခန်းအပိုင် မိုင်တိုင်အမှတ် ၁၆၇ တွင် ယနေ့နံနက်အစောပိုင်း ၅ နာရီခွဲခန့်က ရန်ကုန်-တောင်ကြီးပြေးဆွဲနေသော ခရီးသည်တင် (Express) ကားတစ်စီး တိမ်းမှောက်ခဲ့မှုကြောင့် လူ ၅ ဦးသေဆုံး၍ ၃၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါကားတိမ်းမှောက်မှုကြောင့် ခရီးသည် ၅ ဦးမှာ ပြင်းထန်စွာဒဏ်ရာရရှိခဲ့သောကြောင့် အခင်းဖြစ်ပွားသည့် နေရာ၌ သေဆုံးသွားခဲ့ပြီး ထို့အပြင် ခရ​ီးသည် ၃၀ ဦးမှာလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့သောကြောင့် ဆေးရုံသို့ပိုဆောင်ထားရကြောင်း သိရသည်။

ကားတိမ်းမှောက်မှုနှင့်ပတ်သက်၍ သာဂရအမြန်လမ်းမီးသတ်စခန်နှင့် သာဂရအမြန်လမ်းရဲတပ်ဖွဲ့များ အပါဝင် လူမှုကူညီရေးအသင်းဝင်များမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထိုကားမှောက်သွားရသည့် ဖြစ်စဥ်နှင့်ပတ်သက်၍ သာဂရအမြန်လမ်းရဲတပ်ဖွဲ့မှ စုံးစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ