
ABN-ရှိုင်းမိုး
ယနေ့ နံနက် ၁၁ နာရီခွဲအချိန်တွင် ရန်ကုန် – မန္တလေးအမြန်လမ်းမကြီး၌ မိုင်တိုင် ၃၂၅ မိုင်၊ ၆ ဖာလုံနှင့် ၇ ဖာလုံ အကြားတွင် Honda Civic ကား ၁ စီးသည် လမ်းဘေးရှိ ဘယ်ရီယာတုံးကို ဝင်တိုက်မိပြီး မီးလောင်ကျွမ်းသွားရာမှာ
ကားတွင်ပါလာသူ ၃ဦးလုံး သေဆုံးခဲ့ကြောင်းသိရသည်။
အဆိုပါ ကားမီးလောင်မှုကို မီးသတ်တပ်ဖွဲ့က သွား ရောက် ကူညီ မီးသတ်ပေးခဲ့သော်လည်း ကားတွင်ပါလာသော လူ ၃ဦးမှာသေဆုံးသွားသည်ဟု မီးသတ်တပ်ဖွဲ့ ထုတ်ပြန်ချက်အရသိရသည်။
၎င်သေဆုံးသွားသူ ၃ ဦး၏ရုပ်အလောင်းများကို ရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် နွားထိုးကြီးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေး လိုက်ကြောင်း သိရသည်။