သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရန်ကုန် -နေပြည်တော် အမြန်လမ်း တွင် ရပ်ထားသည့် ကုန်တင်ကားကြီးကို အိမ်စီးကား ဝင်တိုက် ၊ ၃ ဦး သေဆုံး

AB News – နိုဝင်ဘာ ၂၂ ၊ ၂၀၂၅
ဆိုဖီ

ရန်ကုန် – နေပြည်တော် အမြန်လမ်း ကားလမ်းဘေးတွင် ရပ်ထားသည့် ကုန်တင်ကားကြီးအား အိမ်စီးကား ၁ စီး အနောက်မှ အရှိန်ဖြင့် ဝင်တိုက်မိသောကြောင့် အိမ်စီးကားတွင်လိုက်ပါလာသူ ၃ ဦးလုံး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ ၊ နံနက် ၅ နာရီကျော်အချိန်ခန့်တွင် ရန်ကုန် – နေပြည်တော် အမြန်လမ်း ၊ မိုင်တိုင် အမှတ် ၁၈၀/၂ နှင့် ၁၈၀/၃ ကြား ကားလမ်းဘေးတွင် ရပ်ထားသော ခြောက်ဘီးပါကုန်တင်ကားအား အိမ်စီးကား (Surf)မှ အရှိန်ဖြင့် ဝင်တိုက်မိခြင်းဖြစ်သည်။

အဆိုပါ ကားတိုက်မှုအတွင်း အိမ်စီးကားပေါ်တွင် လိုက်ပါလာသော အမျိုးသား ၃ ဦးလုံး သေဆုံးသွားခဲ့ပြီး ၊ ကုန်တင်ကား ၆ ဘီးကားမှာ ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။

အိမ်စီးကားပေါ်လိုက်ပါလာသော သေဆုံးသူ အမျိုးသား ၃ ဦး ၏ ရုပ်အလောင်းများအား ဆွာမြို့တိုက်နယ် ဆေးရုံသို့ ပို့ဆောင်ထားပြီး ၊ သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ သေဆုံးသူများ၏ မိသားစုဝင်များနှင့်.ချိတ်ဆက်နိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

အလားတူ နိုဝင်ဘာ ၁၀ ရက်နေ့တွင်လည်း ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး ၊ မိုင်တိုင်အမှတ် (၁၀၁/၇) နှင့် (၁၀၂/၀) ကြားတွင် ယာဥ်တိုက်မှုဖြစ်သောကြောင့် ကလေး ၁ ဦး သေဆုံးပြီး ၊ ၅ ဦး ရရှိသွားခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၉ နေ့ကလည်းရန်ကုန် – မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် (၆၅/၁) နှင့် (၆၅/၂) ကြားတွင် ကုန်တင်ကား ၁ စီး တိမ်းမှောက်သောကြောင့် အမျိုးသမီး ၁ ဦး ဒဏ်ရာ ရရှိသွားခဲ့ရသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးတွင် ယာဥ်မတော်တဆမှုပေါင်း ၁၅၅ ကြိမ် ဖြစ်ခဲ့သောကြောင့် အမျိုးသား ၃၀ နှင့် အမျိုးသမီး ၁၇ ဦး သေဆုံးသွားခဲ့ပြီး ၊ ထိခိုက်ဒဏ်ရာ ရရှိသူ ၂၉၁ ဦး ရှိကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး၏ စာရင်းအရ သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်