Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရန်ကုန်၊ ရွှေပြည်သာမြို့နယ်အတွင်း တရုတ်ပိုင် အထည်ချုပ်စင်ရုံ ၂ ရုံပိတ်သိမ်း၊ အလုပ်သမား ထောင်ချီအလုပ်လက်မဲ့ဖြစ်

ABN-မေအိအိအောင်

ရန်ကုန်၊ ရွှေပြည်သာမြို့နယ်ရှိ ဝါးတစ်ရာစက်မူဇုန်အတွင်း တရုတ်ပိုင် အထည်ချုပ်စက်ရုံ ၂ ရုံပိတ်သိမ်းလိုက်ပြီး စက်ရုံရှိ အလုပ်သမား ထောင်ချီ အလုပ်လက်မဲ့ဖြစ်နေကြာင်း သိရသည်။

အဆိုပါ စက်ရုံ ၂ ရုံမှာ တရုတ်နိုင်ငံသားများပိုင်ဆိုင်ပြီး အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့အခြေစိုက် နာမည်ကျော်ဖက်ရှင် အသုံးအဆောင်များထုတ်လုပ်သည့် Primark Brand အားချုပ်လုပ်သည့်စက်ရုံများဖြစ်ကြောင်းသိရသည်။

အဆိုပါ စက်ရုံ ၂ ရုံမှာ တရုတ်နိုင်ငံသားပိုင် GTIG Huasheng စက်ရုံ နှင့် Primseng Guo စက်ရုံတို့ ဖြစ်ကြောင်းသတင်းတွင် ဖော်ပြသည်။

၎င်း အထည်ချုပ်စက်ရုံမှာ လုပ်သမားများအား ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ပိတ်သိမ်းမည့်ရက်ပိုင်းအလိုတွင်သာ ဝန်ထမ်းများအားအသိပေးပြီး အော်ဒါ အကြောင်းပြကာ ပိတ်သိမ်းလိုက်ကြောင်း ဗမာပြည်သတင်းတွင်ဖော်ပြသည်။

သို့သော် Primseng Guo စက်ရုံ နှင့် ဝန်ထမ်းများအကြား သဘောတူညီချက် ၂ ခုမှာ GY Sen စက်ရုံမှ အလုပ်သမားသစ်ခေါ်လျင် Primseng Guo မှအလုပ်သမားများကို ဦးစားပေးခေါ်ရန်နှင့် အခြားနာမည်အသစ်ဖြင့် စက်ရုံပြန်လည်ဖွင့်လျှင်လည်း ၎င်းဝန်ထမ်းများကိုသာ ခေါ်မည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် အဆိုပါစက်ရုံမှ စက်ရုံဝန်ထမ်းများအားနစ်နာကြေးပေးမည်ဟု အသ်ိပေးထားခဲ့ကြောင်းလည်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
“လူမျိုးတစ်မျိုးအနေနဲ့ တိုင်းပြည် တစ်ပြည်အနေနဲ့ ရပ်တည်ဖို့ဆိုရင်တော့ ကိုယ့်တိုင်းပြည်က အသုံးပြုမယ့်ကုန်ပစ္စည်းတွေကို မိမိတို့ကိုယ်တိုင် ထုတ်လုပ်နိုင်ဖို့လိုအပ်ပါတယ်” ဟု မြတန်ဆောင်းဆရာတော်က မိန့်သည်။