Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသား ၄ ဦးအား စစ်ကောင်စီက ထောင်ဒဏ် ၂၆ နှစ်စီချမှတ်

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများ သမဂ္ဂကော်မတီဝင် ကျောင်းသား ၄ ဦးအား ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက နှစ်ရှည် ထောင်ဒဏ် ၂၆ နှစ်စီချမှတ်လိုက်ကြောင်း ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားသမဂ္ဂ၏ ယနေ့ ထုတ်ပြန်ချက်အရ သိရသည်။

နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရသူများမှာ ကိုကောင်းခန့်နိုင် (ကုန်ထုတ်ဓာတုဗေဒ၊ နောက်ဆုံးနှစ်) ကိုသီဟအောင် (ဥပဒေအဝေးသင်၊ ဒုတိယနှစ်)၊ ကိုဟိန်းထက်ဇော် (မြန်မာစာ၊ အဝေးသင်ဒုတိယနှစ်) နှင့် ကိုဖြိုးကောင်းထိုက်တို့ဖြစ်ပြီး၊ ၎င်းတို့ကို စစ်ကောင်စီတရားရုံးက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀-က (ဈ)၊ ၅၁-ဂ၊ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး ဥပဒေပုဒ်မ ၆-၁၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၇-၃၄၊ ၃၃၂-၃၃ တို့ဖြင့် ထောင်ဒဏ်စုစုပေါင်း ၂၆ နှစ်စီ ချမှတ်လိုက်ခြင်းဖြစ်သည်။

၎င်းအပြင် နောက်ထပ် ကျောင်းသား ၂ ဦးကိုလည်း ထောင်ဒဏ် ၄ နှစ်နှင့် ၅ နှစ်စီအသီးသီးချမှတ်ခဲ့ကြောင်း သိရသည်။

ထိုသူတို့မှာ ကိုအေးမင်းထိုက် (ဓာတုဗေဒ၊ အဝေးသင် တတိယနှစ်)ကို ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး ဥပဒေပုဒ်မ ၆-၁၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၇-၃၄၊ ၃၃၂-၃၃ တို့ဖြင့် ထောင်ဒဏ် ၅ နှစ်၊ အမှုတွဲဖြစ်သည့် ကိုကျော်ကျော်နိုင်ကို ထောင်ဒဏ် ၄ နှစ် အသီးသီးချမှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့အပြင် အဆိုပါ ကျောင်းသား လူငယ်များအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀-ဈ/၅၄ ဖြင့် တရားစွဲဆိုထားပြီး ထိုပုဒ်မများအတွက် လာမည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း အပြီးသတ် အမိန့်ချသွားဖွယ်ရှိကြောင်း သမဂ္ဂ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသား ၄ ဦးအား စစ်ကောင်စီက ထောင်ဒဏ် ၂၆ နှစ်စီချမှတ်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ