Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရန်ကုန်မြစ်အတွင်း သင်္ဘော ၁ စီးမီးလောင်မှု

AB News – မတ် ၁၊ ၂၀၂၄

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုက်မြို့နယ် ဗားကရာဆိပ်ကမ်းအနီး ရန်ကုန်မြစ်အတွင်း သင်္ဘော ၁ စီးမီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုမီးလောင်ခဲ့သည့် သင်္ဘောမှာ စက်သုံးဆီတင်သင်္ဘော ဖြစ်နိုင်ကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ညဥ့်အချိန်ပေါက်ကွဲသည့်အတွက် ရန်ကုန်မြို့ စမ်းချောင်း၊ တောင်ဥက္ကလာပ၊ အလုံ၊ လှိုင်၊  ကြည့်မြင်တိုက် မြို့နယ်များမှ ပြည်သူများလည်းအထိတ်တလန့်ဖြစ်ခဲ့ရကြောင်း သိရသည်။

အဆိုပါ သင်္ဘော မှာ မတ်လ ၁ ရက်နေ့  နံနက် ၂ နာရီ ၂၃ မိနစ်တွင် တွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး ၃ နာရီ ၃၅ မိနစ်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

လက်ရှိရန်ကုန်တွင် အကြမ်းစစ်ကောင်စီအဖွဲ့သည် ပြည်သူများကို စစ်မှုထမ်းရန်ဖိအားပေးစေခိုင်းနေသည့်အတွက် ပေါက်ကွဲသံတစ်ခုကြားတိုင်း စိုးရိမ်နေကြရကြောင်း မြို့ခံများ ပြောပြချက် အရသိရသည်။

Website
www.arakanbaynews.com    

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ