Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရန်ကုန်တွင် MPT Exchange ရုံးမီး‌လောင်မှုဖြစ်ပွား၊ MPT ဖုန်းလိုင်းပြတ်တောက်

ABN-နွယ်စိုး

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် ၅ ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းတွင်ရှိသည့် MPT Exchange ရုံးတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး မနက် ၁၀ နာရီခန့်က မီးလောင်မှုစဖြစ်ပြီး ၁၀ နာရီ ၄၅ မိနစ်တွင် မီးငြိမ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဥ်ကြောင့်

ရန်ကုန်တိုင်းအပါအဝင် မြန်မာပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တွင်

MPT ဒေတာ၊ MPT WiFiများ၊ဖုန်းလိုင်းများမှာလည်း ပြတ်တောက်သွားကြောင်း သိရသည်။

MPT Exchange ရုံးမီးလောင်မှုဖြစ်ပွားခဲ့သောကြောင့် ဆာဗာများကိုပိတ်ထားခဲ့ခြင်းဖြစ်ပြီး မကြာမီပြန်ဖွင့်ပေးမည်ဟု သိရသည်။

အဆိုပါမီးလောင်မှုနှင့်ပတ်သက်လို ဆုံးရှုံးမှုအတိုင်းအတာကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ဓာတ်ပုံ-Popular News

ရန်ကုန်တွင် MPT Exchange ရုံးမီး‌လောင်မှုဖြစ်ပွား၊ MPT ဖုန်းလိုင်းပြတ်တောက်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ