
ABN-ရှိုင်းမိုး
စက်တင်ဘာ ၁၉ရက်
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် ခရီးသယ်တင်ကားတစ်စီး လမ်းဘေးမီးတိုင် ဝင်တိုက်ရာမှ လူ၄ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများ ရှိခဲ့သည်ဟုသိရသည်။
စက်တင်ဘာလ ၁၈ရက်နေ့ ညပိုင်း ၅နာရီကျော်အချိန်က လှိုင်သာယာမြို့နယ်ရှိ ၈၆ ဂိတ်ဟောင်းအနီးတွင် ဖြစ်ပွားခဲ့သည်ဟုသိရသည်။
အဆိုပါဖြစ်စဥ်သည် ခရီးသယ်တင်ကားသည် အရှိန်ပြင်းပြင်းမောင်းလာပြီး အနော်ရထာလမ်းနားတွင် စက်ဘီးစီးနင်းလာသော လူငယ်တစ်ဦးကိုတိုက်ပြီး မီးတိုင်ကိုဝင်တိုက်ခဲ့သည်ဟုသိရသည်။
ထိုယာဥ်တိုက်မှုကြောင့် အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၁ ဦးသည် ယာဥ်တိုက်မှုဖြစ်ပွားသည့်နေရာ၌ပင်သေဆုံးပြီး လှိုင်သာယာဆေးရုံတွင် အမျိုးသား ၁ ဦးသေဆုံးခဲ့ကြောင်းသိရသည်။
ထိုယာဥ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူများမှာ လှိုင်သာယာမြို့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြသည်ဟုသိရှိရသည်။
ထို့အပြင် စျေးဆိုင်အများစုကိုလည်းဝင်တိုက်ခဲ့သည်ဟုသိရသည်။
ရန်ကုန်တိုင် လှိုင်သာယာမြို့နယ်တွင် ရခိုင်သူ၊ ရခိုင်သားများ အများဆုံးအလုပ်လုပ်ကိုင်နေထိုင်ကြသည့် မြို့တစ်မြို့ဖြစ်သည်။