Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရန်ကုန်တွင် ရခိုင်အမျိုးသမီးညီအစ်မ ၂ ဦး ဓားပြ တိုက် သတ်ဖြတ်ခံရ

ABN-ထက်မြတ်ခင်

အောက်တိုဘာ ၂၁ရက်

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ရှိ တိုက်ခန်းတစ်ခုတွင် ရခိုင်အမျိုးသမီး ညီအစ်မ ၂ ဦး ဓားပြ တိုက်ခံရပြီး သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

သတ်ဖြတ်ခံရသူ အမျိုးသမီး ၂ဦးမှာ အစ်မဖြစ်သူ အသက် ၆၂အရွယ် ဒေါ်မေရီတင်နှင့် ညီမဖြစ်သူ အသက် ၄၀အရွယ် မေစန္ဒာထွေးတို့ဖြစ်ကြသည်။

၎င်းတို့ညီအစ်မ၂ဦးမှာ ရန်ကုန်တိုင်းဒေသကြီး၊ တမွေမြို့နယ် ကျောက်မြောင်းတွင် နေထိုင်ကြပြီး ယမန်နေ့အောက်တိုဘာလ ၂၀ ရက်၊ နံနက်ပိုင်းက ဓားပြတိုက်ခံရပြီး သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်ဟုသိရသည်။

တရားခံကို တာမွေရဲစခန်းတွင် ဖမ်းမိထားပြီဖြစ်ကြောင်း သိရှိရကာ အသတ်ခံခဲ့ရသူ အမျိုးသမီး ၂ ဦး၏ ရုပ်အလောင်းကို ရေဝေးသုဿာန်သို့ ပို့ဆောင်ထားကြောင်း သိရှိရသည်။

၎င်းတို့ ညီအစ်မ ၂ဦးမှာ ရခိုင်ပြည် သံတွဲဇာတိဖြစ်ကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ