သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်ရေပိုင်နက်အတွင်း ခိုးဝင်ငါးဖမ်းနေသည့် ဘင်္ဂလားဒေ့ချ်နိုင်ငံသား ၁၁ ဦးကို AA ဖမ်းဆီး

AB News – ဧပြီ ၉၊ ၂၀၂၅

ရက္ခိုင်ရေပိုင်နက်ထဲ ခိုးဝင်ငါးဖမ်းနေသည့် ဘင်္ဂလားဒေ့ချ်နိုင်ငံသား ၁၁ ဦးနှင့်အတူ ၎င်းတို့၏လှေ ၂စီးကို ဧပြီလ ၈ ရက်နေ့ နံနက် ၁၀ နာရီ ၂၅ မိနစ်အချိန်တွင် အာရက္ခတပ်တော် (AA) မှ ဖမ်းဆီးထိန်းသိမ်းလိုက်သည်။

ဘင်္ဂလားဒေ့ချ်နိုင်ငံမှ ဖမ်းဆီးခံရသည့် ခိုးဝင်ငါးဖမ်းသမားများကို မောင်တောမြို့နယ်၊ ဦးဒေါင်းချောင်းဝအောက် ရက္ခိုင်ပင်လယ်ကမ်းစပ်မှ မီတာ ၃၀၀၀ အကွာတွင် ဖမ်းဆီးရမိခဲ့သည်။

လက်ရှိတွင် အာရက္ခတပ်တော်( AA )ထံ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဘင်္ဂလားဒေ့ချ်နိုင်ငံသားများကို ပြန်လည်ခေါ်ဆောင်နိုင်ရန် လုံခြုံရေးအေဂျင်စီများနှင့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း Teknaf Upazila Nirbahi အရာရှိ (UNO) Sk Ahsan က ဘင်္ဂလားဒေ့ချ်အခြေစိုက်သတင်းဌာနတစ်ခုဖြစ်သည့် Dhaka Tribune တွင် ပြောဆိုထားသညကို တွေ့ရှိရသည်။

ဘင်္ဂလားဒေ့ချ်နိုင်ငံမှ ငါးဖမ်းသမားများသည် ရက္ခိုင်ရေပိုင်နက်ထဲသို့ ခိုးဝင်ငါးဖမ်းမှုများကြောင့် အာရက္ခတပ်တော် (AA) ထံ ရံဖန်ရံခါ ဖမ်းဆီးထိန်းသိမ်းခံရမှုများ ရှိနေသည်။

ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့တွင်လည်း ရက္ခိုင်ရေပိုင်နက်ထဲ ခိုးဝင်ငါးဖမ်းလာသဖြင့် ဖမ်းဆီးခံခဲ့ရသည့် ဘင်္ဂလားဒေ့ချ်နိုင်ငံသား ငါးဖမ်းသမား ၂၁ ဦးကို ဘင်္ဂလားးဒေ့ချ် နယ်ခြားစောင့်တပ် (BGB) လက်ထဲသို့ အာရက္ခတပ်တော်မှ လွှဲပြောင်းပေးခဲ့သည်။

ထို့အပြင် ရက္ခိုင်ရေပိုင်နက်ထဲ ခိုးဝင်ငါးဖမ်းသည့် မည်သည့်နိုင်ငံသားကိုမဆို တရားဥပဒေနှင့်အညီ စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း အာရက္ခတပ်တော်က ဆိုသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ