သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်မှာ ရက်သတ္တပတ်ကြာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြို့နယ်အချို့မှာ ရေကြီးရေလျှံမှု ဖြစ်ပွားနေ

AB News-ဇူလိုင် ၁၀၊ ၂၀၂၅

ရက္ခိုင်မှာ ရက်သတ္တပတ်ကြာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြို့နယ်အချို့မှာ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပါတယ်။ လက်ရှိမှာ မိုးရွာသွန်းမှု ရပ်တန့်နေပြီး ရေကြီးရေလျှံမှု လျော့ကျခဲ့တာကို တွေ့ရပါတယ်။ သို့ပေမယ့် ရေကြီးမှုကြောင့် မိုးစပါးစိုက်ခင်းများ ပျက်စီးခဲ့ရသလို ကြက်၊ ဝက်နဲ့ ဆိတ်အပါအဝင် ကျွဲ၊ နွားတွေလည်း သေဆုံးခဲ့ရပါတယ်။ မြောက်ဦးမြို့နယ်နဲ့ ကျောက်တော်မြို့နယ်အတွင်းက ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့တဲ့ ကျေးရွာတွေကို Arakan Bay News သတင်းဌာနက ကွင်းဆင်းပြီး သတင်းရယူ တင်ဆက်ပေးခြင်း ဖြစ်ပါတယ်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ