သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်ပြည် နယ်စပ် ဂွမြို့ကို AA သိမ်းပိုက်လုနီးပြီ
ဓာတ်ပုံ- တောင်ကုတ်မြိုသိမ်းပြီးနောက် တောင်ကုတ်အခြေစိုက် စစ်ကောင်စီ၏ အမှတ် ၅ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ်ထဲတွင် အာရက္ခတပ်တော် တပ်ဖွဲဝင်များ အောင်ပွဲခံ မှတ်တမ်းရိုက်နေသည်ကို တွေ့ရစဥ်/AA Infor Desk

AB News-ဒီဇင်ဘာ ၂၃၊ ၂၀၂၄

ရက္ခိုင်နယ်စပ်မြို့တစ်ခုဖြစ်သည့် ဂွ မြို့ ကို အာရက္ခတပ်တော်က ထိုးစစ်အရှိန်အဟုန်မြှင့် တိုက်ခိုက်လျှက်ရှိရာ လာမည့်ရက်ပိုင်းအတွင်း သိမ်းပိုက်နိုင်တော့မည်ဟု အာရက္ခတပ်တော်က ဒီဇင်ဘာလ ၂၁ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ဂွမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သည် ရန်ကုန်၊ ဧရာဝတီတိုင်းအပါအဝင် နေရာအစုံမှ စစ်ကူတပ်များ ဖြည့်တင်းနေသော်လည်း အတင်း အဓမ္မစုဆောင်းထားသော တပ်သားသစ်များမှာ စိတ်ဓာတ်ပျက်ပြားနေပြီး ကစဉ့်ကလျား ထွက်ပြေးနေမှုများရှိနေသည်ဟု AA က ဆိုသည်။

အာရက္ခတပ်တော်အနေဖြင့် တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော မြို့ ၄ မြို့အနက် လက်ရှိအချိန်တွင် ဂွတစ်မြို့သာ ကျန်ရှိတော့ပြီဖြစ်ကာ ဂွမြို့တွင်လည်း စစ်ကောင်စီတပ်သည် နေ့စဉ်နှင့်အမျှ အကျအဆုံးများဖြင့် စခန်းတစ်ခုပြီးတစ်ခု လက်လွှတ်ပေးနေရကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီသည် စစ်ရေးပစ်မှတ်မဟုတ်သော ဆေးရုံ ဆေးခန်းများ၊ စာသင်ကျောင်းများ၊ ဘာသာရေး အဆောက်အအုံများ၊ စစ်ရှောင်စခန်းများနှင့် အပြစ်မဲ့ ပြည်သူများနေထိုင်ရာ ရပ်ရွာများကို လေယာဉ်များဖြင့် ဗုံးကြဲ တိုက်ခိုက်ခြင်း၊ မီးရှို့ခြင်း၊ တံတားများကိုမိုင်းခွဲဖျက်ဆီးခြင်းတို့ကို ဆက်တိုက် ပြုလုပ်ကာ မထူးဇာတ် ခင်းနေ ကြောင်း AA၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့နည်းအတူဒီဇင်ဘာလ ၁၇ နှင့် ၁၈ရ က်များတွင် စစ်ကောင်စီသည် ဂွမြို့နယ်၊ အလယ်ရွာကိုမီးရှိဖျက်ဆီးခဲ့ပြီး ဒီဇင်ဘာလ ၂၁ ရက်နေ့ကလည်း ခမရ ၅၆၃ အနီးအနားမှ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် လူနေအိမ်အများအပြား မီးလောင် ပျက်စီးခဲ့သည်ဟု AA ထုတ်ပြန်ချက်၌ ပါရှိသည်။

စစ်ကောင်စီတပ်သည် ဂွမြို့ရှိ ကျေးရွာများနှင့် လူနေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခြင်း၊ တံတားများအား မိုင်းခွဲဖျက်ဆီးခြင်းများ ဆက်တိုက် လုပ်ဆောင်ပြီး ဆုတ်ခွာထွက်ပြေး လျက်ရှိနေသည်။

ယင်းအပြင် ဧရာဝတီတိုင်းအတွင်းသို့ တစ်ဆင့်ချင်း ဆုတ်ခွာထွက်ပြေးနေသော စစ်ကောင်စီကို AA ကလည်း အ ဆက်မပြတ် လိုက်လံရှင်းလင်းပြီးတိုက်ခိုက်နေသဖြင့် ဂွတိုက်ပွဲများ နေ့စဉ် ရက်ဆက် ပြင်းထန်လျက်ရှိ ကြောင်း သိရသည်။

ထို့အပြင် အကြမ်းဖက် စစ်ကောင်စီ၏ စစ်ရာဇဝတ်ကျူးလွန်နေမှုများကို အာရက္ခတပ်တော်အနေဖြင့် သေချာစွာ မှတ်တမ်းတင်ထားပြီး ကျူးလွန်ခဲ့သော တပ်ရင်း၊ တပ်မများ နှင့် အမိန့်ပေး၊ ညွှန်ကြားချက်ပေးသူများကို ဖမ်းဆီးရမိပါက ၎င်းပြစ်မှုများနှင့်ထိုက်တန်သော ပြစ်ဒဏ်များကို စီရင်ချမှတ်သွားမည်ဟုလည်း ထုတ်ပြန်ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မောင်တောတွင် ARSA တပ်ဖွဲ့ဝင်များက ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကားပေါ်တွင်ပါလာသော စေတနာ့ဝန်ထမ်း အမျိုးသမီး၊ စျေးဝယ်အမျိုးသမီး စုစုပေါင်း (၁၆)ဦးထဲမှ တစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိ