သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်ပြည်အတွင်း နီးပါးဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းစဉ်များကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက အချိန်နှင့် တပြေးညီ ဆောင်ရွက်နေ

AB News – ဇန်နဝါရီ ၃၁၊ ၂၀၂၆
မာလာဝင်း

ရက္ခိုင်ပြည်အတွင်းရှိ ပြည်သူလူထုများအနေဖြင့် နီပါးဗိုင်းရပ်စ်(Nipah Virus)နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးလုပ်ငန်းများကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိနေကြောင်း ယနေ့ ဇန်နဝါရီ ၃၁ နေ့တွင် ထုတ်ပြန်ထားသည်။

အများပြည်သူ လမ်းသွား လမ်းလာ၊ စည်ကားလျက်ရှိသည့် စျေး၊ ကားဂိတ်၊ လှေဆိပ်၊ လမ်းဆုံလမ်းခွ နေရာများတွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ပါတီ၊ DLEPS၊ ကျန်းမာရေးဌာန၊ အုပ်ချုပ်ရေးဌာန၊ မီးသတ်ဌာန၊ HDCO ဌာနများ ပူးပေါင်းပြီး အိန္ဒိယနိုင်ငံအတွင်း ကူးစက်ပြန့်ပွားလျက်ရှိသော နီပါးဗိုင်းရပ်စ် ရောဂါအား ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေး ဆိုင်းဘုတ်များ စိုက်ထောင်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း လုပ်ငန်းစဥ်များကို ဆောင်ရွက်လျက်ရှိနေကြောင်း ဖော်ပြထားသည်။

၎င်းအပြင် အာရက္ခပြည်သူလူထုများအနေဖြင့်လည်း နီပါးဗိုင်းရပ်စ် သံသယဖြစ်ဖွယ် လက္ခဏာများ ပေါ်ပေါက်ပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံး ဆက်သွယ်အကြောင်းကြားရန်နှင့် ဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို တိကျစွာ လိုက်နာကြရန် အာရက္ခပြည်သူ့ကျန်းမာရေးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ