
ABN-နွယ်စိုး
မေ ၃၁ရက်
ရက္ခိုင့်တပ်တော် AA ပါဝင်သော မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့တို့သည် မနက် ဇွန်လ ၁ ရက်နေ့တွင် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးအဖွဲ့နှင့် ရှမ်းပြည်နယ် မိုင်းလားမြို့တွင် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း ယမန့်နေ့ မေလ ၃၀ ရက်နေ့က ထုတ်ပြန်လိုက်သည်။
အာဏာသိမ်းစစ်ကောင်စီတပ်၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော်(AA)တို့ မိုင်းလားမြို့၌တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်းထို ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထိုထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံ သက်ဆိုင်ရာဌာနများ၏ ကြားဝင်ညှိနှိုင်းပေးမှုအရ လာမည့် ဇွန်လ ၁ ရက်နေ့တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူး ဒေသ ၄ မိုင်းလားမြို့ ၌ တွေ့ဆုံမည်ဖြစ်ပြီး ဆွေးနွေးပွဲအောင်မြင်စွာ ဖြစ်မြောက်ရေးအတွက် တရုတ်နိုင်ငံ အနေဖြင့် ကိုယ်စားလှယ်အဖြစ် ပါဝင်သွားမည်ဟု သိရသည်။