Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင့်တပ်တော်မှ ကျောင်းသားလက်ရုံးတပ်တော်အား အထူးတိုက်ခိုက်ရေးသင်တန်းလေ့ကျင့်ပေး

ABN-နွယ်စိုး

သြဂုတ် ၃၁ ရက်

ရက္ခိုင့်တပ်တော်မှ ကျောင်းသားလက်ရုံးတပ်တော် Student Armed Forceကို အထူးတိုက်ခိုက်ရေး သင်တန်းအား လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း ကျောင်းသားလက်ရုံးတပ်၏ သြဂုတ် ၂၈ ရက်နေ့က ထုတ်ပြန်ချက်အရ သိရသည်။

အထူးတိုက်ခိုက်ရေး သင်တန်းက သြဂုတ် ၂၈ ရက်နေ့က ကျောင်းသားလက်ရုံးတပ်တော် ဗဟိုဌာနချုပ်၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ သင်းတန်းဆင်းပွဲ အခမ်းအနားသို့ ရက္ခိုင့်တပ်တော် တာဝန်ရှိသူများ တက်ရောက် အမှာစကား ပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထိုသင်တန်းတွင် သင်တန်းသား ၆၀ ဦး တက်ရောက်ခဲ့ပြီး သင်တန်းသား ၅၈ ဦး အောင်မြင်စွာ သင်တန်းဆင်းနိုင်ခဲ့သည်ဟု သိရသည်။

ထို့အပြင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်ကိုလည်း ရက္ခိုင့်တပ်တော်က မွေးဖွားပေးခဲ့ခြင်းဖြစ်သည့်အပြင် တစ်ခြားသော PDF အဖွဲ့များစွာကိုလည်း ပံ့ပိုးကူညီမှုများ ရှိကြောင်း သိရသည်။

ထိုအခမ်းအနားပွဲတွင် မဟာမိတ်တပ်အသီးသီးမှ အရာရှိ ၊ အရာခံ များ နှင့် အကြပ်စစ်သည်များ ၊ ကျောင်းသားလက်ရုံးတပ်တော်မှ ဗဟိုကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

ကျောင်းသားလက်ရုံးတပ်တော် အထူးတိုက်ခိုက်ရေးလေ့ကျင့်ပေးသည့် သင်တန်ဆင်းပွဲအခမ်းအနားကို ရခိုင်ပြည်ရှိ ရက္ခိုင့်တပ်တော်(AA)ထိန်းချုပ်စိုးမိုးရာနေရာ၌ စတင်ဖွဲ့စည်းလှုပ်ရှားခဲ့ခြင်း ဖြစ်သည် ဟု သိရသည်။

ကျောင်းသားလက်ရုံးတပ်တော်သည် အာဏာသိမ်းစစ်တ​ပ်ကို တိုက်ခိုက်နေသည့် PDF အဖွဲ့တစ်ခုဖြစ်ပြီး မကွေးတိုင်းဖက်တွင် လှုပ်ရှားသည့်အဖွဲ့ဖြစ်သည်ကိုတွေ့ရသည်။

ဓာတ်ပုံ-ကျောင်းသားလက်ရုံးတပ်တော်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ