ABN-ဧပြီ ၁၇ ရက်
ဗမာလူမျိုးများလွတ်မြောက်ရေးတပ်တော်ဖွဲ့စည်းတည်ထောင်ခြင်း ၂ နှစ်ပြည့်အခမ်းအနားကို ကျင်းပခဲ့ကြောင်း BPLA က ထုတ်ပြန်လိုက်သည်ကိုတွေ့ရသည်။
BPLA ကို ရက္ခိုင့်တပ်တော်နှင့်မဟာမိတ်အဖွဲ့အစည်းများက စစ်ပညာနှင့် စစ်စည်းကမ်းများနှင့်စစ်လက်နက်များ တပ်ဆင်ပေးခဲ့ပြီး လက်ရှိတွင် BPLAသည် မဟာမိတ်များနှင့် စစ်အာဏာရှင်အား အတူတကွ လက်တွဲ တော်လှန်တိုက်ပွဲဝင်လျက်ရှိသော တပ်ဖြစ်သည်။
BPLA သည် ဗမာလူမျိုး ကိုယ်စားပြုတော်လှန်ရေးတပ်တစ်ခုဖြစ်ပြီး စစ်အာဏာသိမ်း နွေဦးတော်လှန်ရေးနှင့်အတူ ၂၀၂၁ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် တည်ထောင်သော တပ်ဖြစ်သည်။
မြောက်ပိုင်မဟာမိတ် ၃ ဖွဲ့အနေဖြင့် BPLA ၏တပ်ဖွဲ့ဝင်များ စည်းလုံးညီညွတ်မှု၊ ကြိုးပမ်းအားထုတ်မှု၊ တော်လှန်ရေးစည်းကမ်းလိုက်နာမှုများကို တန်ဖိုးထား အသိအမှတ်ပြုကြောင်း သဝဏ်လွှာတွင် ရေးသားဖော်ပြထားသည်ကိုတွေ့ရသည်။
တခြားသော တော်လှန်ရေးအဖွဲ့အစည်းများကလည်း BPLA ၏ ၂ နှစ်မြောက်တပ်မွေးနေ့သို့ သဝဏ်လွှာများအသီးသီးပို့ပေးခဲ့ကြသည်ကိုတွေ့ရသည်။













