သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ယာယီအပစ်ရပ်ကာလအတွင်း စစ်ကောင်စီက ကြည်၊ ရေ၊ လေ သုံးပြီး ရက္ခိုင်ကို တိုက်ခိုက်နေ

AB News – ဧပြီ ၆ ၊ ၂၀၂၅

လူသားချင်းစာနာထောက်ရေးဆိုင်ရာ ယာယီ အပစ်ခတ်ရပ်စဲကာလအတွင်း စစ်ကောင်စီက ကြည်၊ ရေ၊ လေ အသုံးပြုပြီး ရက္ခိုင်ပြည်မှ မြို့နယ်အချို့ကို တိုက်ခိုက်နေသည်ကို တွေ့ရှိရသည်။

အာဏာသိမ်းစစ်ကောာင်စီသည် မြန်မာနိုင်ငံအနှံ့ ရက် ၂၀ ကြာ အပစ်ခတ်ရပ်စဲထားသော်လည်း ရက္ခိုင်ပြည်တွင် ကြည်း၊ ရေ၊ လေ အသုံးပြုပြီး နေ့စဉ်ရက်ဆက် တိုက်ခိုက်နေကြောင်း အာရက္ခတပ်တော်က ယမန်နေ့ ဧပြီလ ၅ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီသည် ကျောက်ဖြူ၊ စစ်တွေ၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို့တွင် အာရက္ခတပ်တော်မှ တပ်ဖွဲဝင်များကို လက်နက်ကြီး၊ ဒရော့ဗုံးအပါအဝင် လေကြောင်းအသုံးပြုကာ နေ့စဉ်ရက်ဆက် တန်ပြန်ထိုးစစ်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊ သပြုတောင်ကျေးရွာ၊ ပြားတဲကျေးရွာ၊ ပြင်ရှည်ကျေးရွာ အနီးပတ်ဝန်းကျင်ကို စစ်ကောင်စီက လက်နက်ကြီးအပါအဝင် ဒရုန်းများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

ထို့အပြင် ကျောက်ဖြူမြို့မှ သစ်ပုတ်တောင်ရေတပ်စခန်း ၊ဒိုးတန်းတောင် အမှတ် (၃၂) တပ်ရင်းနှင့် မြေပြင်စစ်ကြောင်းများက ဧပြီလ ၂ ရက်နေ့အတွင်း Drop Bomb အကြိမ် (၉၀) နှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု အကြိမ်( ၆၀) ထက်မနည်း ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ဆိုကြသည်။

ပြီးခဲ့သည့် ဧပြီလ ၃ရက်နှင့် ၅ ရက်နေ့တွင် စစ်ကောင်စီအဖွဲ့က စစ်သင်္ဘော၊ ဂျက်တိုက်လေယာဉ်များကို အသုံးပြုပြီး ကျောက်ဖြူမြို့နယ်မှ ကြက်တိန်၊ သပြုတောင်၊ ပျားတဲ၊ ပြင်ရှည်၊ လိပ်ခမော်၊ ကုလားဘာ၊ ဟင်းခပ်ပြင်ကျေးရွာ အနီးပတ်ဝန်းကျင်ကို အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ထို့အပြင် ဧပြီလ ၅ ရက်နေ့တွင် စစ်တွေမြို့နယ်တွင် စစ်ကောင်စီက ဒရုန်းဗုံး အကြိမ် ၆၀ ခန့်နှင့် လက်နက်ကြီး ပစ်ခတ်မှု အကြိမ် ၅၀ ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ရွှေ့မင်းဂံဆိပ်ကမ်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ပေါက်တောမြို့နယ်၊ ငပြီကျွန်းသို့ (၁၂၀) မမ လက်နက်ကြီးများဖြင့် ၆ ကြိမ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပေါက်တောဒေသခံများက ဆိုကြသည်။

ပြီးခဲ့သည့် ဧပြီလ ၄ ရက်၊ နံနက်အစောပိုင်း ၁ နာရီ မိနစ် ၂၀ ခန့်အချိန်တွင် စစ်ကောင်စီအဖွဲ့က တောင်ကုတ်မြို့နယ်၊ စလူရွာထဲနှင့် ဘုန်းကြီးကျောင်းအား ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အရပ်သားပြည်သူ ၃ ဦး ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ငလျင်ဘေးကာလအတွင်း အာဏာသိမ်းစစ်ကောင်စီသည် ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့မှ ၂၂ရက်နေ့အထိ အပစ်အခတ်ရပ်စဲသွားမည်ဟု ထုတ်ပြန်ခဲ့သည်။

ထို့အတူ အာရက္ခတပ်တော်(AA) အပါအဝင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် မြန်မာအမျိုးသားတပ်မတော် မဟာမိတ်(MDNAA) ပါဝင်သည့် မြောက်ပိုင်း ညီနောင် မဟာမိတ်အဖွဲ့ ၊ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့်အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှလည်း လူသားချင်း စာနာထောက်ထားမှုအနေဖြင့် အပစ်ခတ်ရပ်စဲထားသည်ကို တွေ့ရှိရသည်။

ငလျင်ဘေးကာလအတွင်း အပစ်အခတ်ရပ်စဲထားသည့် စစ်ကောင်စီသည် ရက္ခိုင်ပြည်မှ ကျောက်ဖြူ၊ စစ်တွေ၊ တောင်ကုတ်နှင့် ပေါက်တောမြို့နယ်တို့ကို ရေ၊ လေ အသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်နေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ