ABN-ရှိုင်းမိုး
ယနေ့ ကဆုန်လပြည့်တွင် ရာဇတ်သတ်ကြီး ပုဒ်မ ၅၀၅ ( က ) အရ ပြစ်ဒဏ်ကျခံလျှက်ရှိသော အပြစ်သားများကို လွတ်ငြိမ်းခွင့်ပေးမည်ဟု စစ်ကောင်စီကြေညာထားသည်။
အကျဥ်းထောင်၊ ထောင်ချုပ်နှင့် အချုပ်ခန်းများမှ အပြစ်သားစုစုပေါင်း ၂၁၅၃ဦးတို့ကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ ပုဒ်မခွဲ ( ၁ ) အရ နောက်တစ်ကြိမ် ပြစ်မှုထပ်ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်ဟုပြောဆိုပြီး ပြစ်ဒဏ်လွတ်ငြိမ်ခွင့်ပြုလိုက်သည်ဟု ထုတ်ပြန်ချက်တွင် ပါဝင်သည်။
