Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီးကျည်ကြောင့် ပြည်သူ ၁ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရ

ABN-မေအိအိအောင်

ဇူလိုင် ၂၈ ရက်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ပြည်သူ တစ်ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရပြီး ပြည်သူ ၁၀၀၀ ကျော်လည်း ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်းသိရသည်။

ယမန်နေ့ ဇူလိုင် ၂၇ ရက်နေ့တွင် စစ်ကောင်စီတပ်က သထုံမြို့နယ်အတွင်းသို့ လက်နက်ကြီးများပစ်ခတ်ခဲ့ပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ကျေးရွာထဲမှ ပြည်သူ တစ်ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ ယမန်နေ့ နံနက် ၄ နာရီတွင် စစ်ကောင်စီတပ်နှင့် KNLA တပ်မျာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နံနက် ၈ နာရီကျော်ခန့်တွင် အမှတ် ၉ စစ်ကောင်စီစခန်းမှ သထုံမြို့နယ်ရှိ ကျေးရွာအတွင်းသို့ လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်ခဲ့ကြောင်းသိရသည်။

စစ်ကောင်စီပစ်သည့် လက်နက်ကြီးကျည်ကျ၍ သေဆုံးသူမှာ ထုံးဘိုဘေး ကျေးရွာမှ အသက် ၁၈ နှစ်အရွယ် စောအဲ့ကော့ရှီးဖြစ်ပြီး ဒဏ်ရာရသူများမှာ စောဆာထူးနှင့် ထို့ကော်ကျိုးကျေးရွာမှ စောဖိုးကျော်၊စောပလေးဒေး နှင့်နော်အဲ့စိုးတို့ဖြစ်ကြောင်းသိရသည်။

၎င်းအပြင် ဇူလိုင်လ ၂၅ ရက်နေ့မှစတင်ကာ သထုံမြို့နယ်အတွင်း စစ်ကောင်စီများက စစ်ကြောင်းထိုးလာသည့်အပြင် အရပ်သားပြည်သူများကိုလည်း စစ်ကောင်စီက လူသားဒိုင်းကာ အဖြစ် ဖမ်းဆီး ခေါ်ဆောင်ခြင်း နှင့်လက်နက်ကြီးများဖြင့် ကျေးရွာအတွင်းသို့ ပစ်ခတ် ခြင်းများ ပြုလုပ်နေကြောင်းသိရသည်။

ထိုကဲ့သို့ စစ်ကောင်စီဘက်မှ ကျုးလွန်မှုများပြုလုပ်လာသည့်အတွက် သထုံမြို့နယ်အတွင်းမှ ပြည်သူ ၁၀၀၀ ကျော်ခန့် ရပ်ရွာများကိုစွန့်ခွာပြီး ဘေးလွတ်ရာသို့ထွက်ပြေးနေရကြောင်းသိရသည်။

အလားတူ ယမန်နေ့ ဇူလိုင်လ ၂၇ ရက်နေ့တွင် ပဲခူးတိုင်း၊ ထန်းတစ်ပင်မြို့နယ်တွင် စစ်ကောင်စီနှင့် PDF တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက ပြည်သူတစ်ဦးကို ပစ်သတ်ပြီး ၁၀ ဦးကို လူသားဒိုင်းကာအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၆ ရက်နေ့တွင်လည်း ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ် နွားလဝိုးကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ပြီး ပြည်သူတစ်ဦးကိုလည်း အကြောင်းမဲ့ပစ်သတ်ခဲ့ကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ