Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦးသေဆုံးကာ ၄ဦးဒဏ်ရာရ

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦးသေဆုံးကာ ၄ဦးဒဏ်ရာရ

ABN-မေအိအိအောင်

ဇွန် ၂၆ ရက်

မွန်ပြည်နယ် ၊ရေးမြို့နယ်တွင် ကျေးရွာများကို စစ်ကောင်စီတပ်က လေကြောင်း ဖြင့်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ တစ်ဦးသေဆုံးကာ၊ ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရသိရသည်။

ယမန်နေ့ ဇွမ်လ ၂၅ ရက်နေ့က ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် နှစ်ကရင်ကျေးရွာ အကွက် (၁၀) မွန်ကျောင်းအနောက်ဘက်တွင်နေထိုင်သော မိသားစုဝင် ၄ ဦးနေအိမ်အတွင်းကျရောက်ပြီး မိသားစုဝင် တစ်ဦးသေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ယင်းအပြင် အဆိုပါ ကျေးရွာ အကွက် ၅ တွင်လည်း ကလေးတစ်ဦးဒဏ်ရာရရှိခဲ့သည့်အတွက် လမိုင်းဆေးရုံသို့ ပို့ဆောင်ပေးထားရကြောင်း သိရသည်။

ရေးမြို့နယ်ရှိ နှစ်ကရင်ရွာရဲစခန်းကို ပူးပေါင်းတပ်များက ယမန်နေ့ နေ့လည်ပိုင်းက တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်က ကျေးရွာအတွင်းသို့ ရဟတ်ယာဉ် ၂ စီးဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

နှစ်ကရင် ရဲစခန်းသည် ရဲများစခန်းထိုင်ခြင်းမရှိသည်မှာ ကြာပြီဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီတပ်သားများက အထိုင်ချထားခြင်းဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့ကလည်း ကရင်နီ(ကယားပြည်)နယ် ဖရူဆို့မြို့နယ်၊ အနောက်ဘက်ခြမ်းတွင်ရှိသော ကျေးရွာများကို စစ်ကောင်စီက ၃ ညဆက်တိုက် ဗုံးကြဲတိုက်ခိုက်၍ အသက် ၅၀ နှစ်အရွယ်အရပ်သားတစ်ဦး သေဆုံးခဲ့ပြီး ၅ နှစ်အရွယ်ကလေးတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုင်ဒဏ်ရာရရှိခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ