Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီ အမြောက်တပ်၏ ပစ်ခတ်မှုကြောင့် ကလေးမိခင်တစ်ဦး သေဆုံးကာ ကလေးတစ်ဦးအပါအဝင် ၂ ဦးဒဏ်ရာရ

ABN-မေအိအိအောင်

ဇွန်လ ၁၇ ရက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီ အမြောက်တပ်၏ ပစ်ခတ်မှုကြောင့် ကလေးမိခင်တစ်ဦး သေဆုံးပြီး ကလေးတစ်ဦးအပါအဝင် ၂ ဦး ဒဏ်ရာရရှိကြောင်း ဒေသတွင်းသတင်းအရသိရသည်။

ယမန်နေ့ ဇွန်လ ၁၆ ရက်နေ့ ည ၇ နာရီအချိန် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သိမ်ဇရပ် အခြေစိုက် အမြောက်တပ်က လက်နက်ကြီးများဖြင့် ပြည်သူများ နေထိုင်သော နေရာများကို ပစ်ခတ်ခဲ့သဖြင့် ကလေးမိခင်တစ်ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့သည်။

လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့သူမှာ ကလေးငယ် ၂ ဦး၏ မိခင် မအေးအေးနွယ်ဖြစ်ပြီး လက်နက်ကြီးကျည်ကြောင့် ကလေးငယ် ၁ ဦး ခြေထောက်ပြတ်သွားသည့်အပြင် အမျိုးသား ၁ ဦးမှာ စိုးရိမ်ရ ဒဏ်ရာရရှိသွားကြောင်း သိရှိရသည်။

ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ် အခြေစိုက် စစ်ကောင်စီ၏ အမြောက်တပ်မှ ပြည်သူများနေထိုင်သော ကျေးရွာများ၊ ရပ်ကွက်များကို လက်နက်ကြီးများပစ်ခတ်သဖြင့် မကြာခဏ ဆိုသလို အပြစ်မဲ့ ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုများ ၊ သေဆုံးမှုများ ဖြစ်ပေါ်လေ့ရှိကြောင်း သိရှိရသည်။

​ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့တွင် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကိုးပင်ကျေးရွာအနီးတွင် ပြည်သူ ၃ ဦးကို စစ်ကောင်စီတပ်သားများက ဖမ်းဆီးကာ မိုင်းနှင့်ပတ်သက်သည့် ပစ္စည်းများသယ်ခိုင်းသည့်အပြင် မိုင်းထောင်ခိုင်းပြီးနောက် ထိုသူတို့အား ပစ်သတ်ခဲ့ကြောင်းသိရသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီ အမြောက်တပ်၏ ပစ်ခတ်မှုကြောင့် ကလေးမိခင်တစ်ဦး သေဆုံးကာ ကလေးတစ်ဦးအပါအဝင် ၂ ဦးဒဏ်ရာရ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ