Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မွန်ပြည်နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးထိမှန်၍ ကလေးနှစ်ဦး အပါအဝင် ခြောက်ဦးဒဏ်ရာရ

ABN-မေအိအိအောင်

ဇူလိုင် ၈ ရက်

မွန်ပြည်နယ်တွင် စစ်ကောင်စီက ပစ်သည့်လက်နက်ကြီး ထိမှန်ပြီး ကလေး နှစ်ဦးအပါအဝင် အရပ်သားပြည်သူ ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟို ကထုတ်ပြန်သည်။

ယမန်နေ့ ဇူလိုင်လ ၇ ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံမြို့နယ် ရွှေရောင်ပြင်ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် ကလေး (၂)ဦးအပါအဝင် ပြည်သူ (၆)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

စစ်ကောင်စီက ပစ်သည့် လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရရှိသူများမှာ အသက် (၅၆)နှစ်အရွယ် နော်မုလာ၊ အသက် (၁၈)နှစ်အရွယ် နော်မိထူး၊ အသက်(၅၇)နှစ်အရွယ် နော်တင်အေး၊ အသက် (၂၅)နှစ်အရွယ် စောကူ၊ အသက် (၅)နှစ်အရွယ် စောစင်မင်းဦးနှင့် အသက် (၉)နှစ်အရွယ် နော်သင်္ကြန်ဖော တို့ဖြစ်ကြောင်းသိရသည်။

လက်နက်ကြီးဖြင့် ကျေးရွာအတွင်းသို့ ပစ်သည့် စစ်ကောင်စီတပ်မှာ သထုံမြို့နယ်၊ ရွှေရောင်ပြင်ကျေးရွာ၊ ဇီးဝန်းကျေးရွာအနောက်အနီးတွင် တပ်စွဲထားသော အမှတ် ၃၁၄ အမြှောက်တပ်ရင်းမှပစ်ခြင်းဖြစ်သည်။

ယင်းအပြင် အဆိုပါ လက်နက်ကြီးကြောင့် ရွှေရောင်ပြင်ကျေးရွာမှ အိမ်ခြေ ၃ ဆောင်ပျက်စီးသွားကြောင်း ထုတ်ပြန်ချက်တွင် ဖောပြသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်တွင် ဈေးရောင်းသွားသည့် ဈေးသည် ၇ ဦးကို စစ်ကောင်စီတပ်သားများက အကြောင်းမဲ့ပစ်သတ်ခဲ့ကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ